
တောင်ကိုရီးယားနိုင်ငံမှာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (APEC) မှာ ပါဝင်တက်ရောက်တဲ့ တခြားခေါင်းဆောင်တွေနဲ့ ဖလှယ်တာတွေ တက်တက်ကြွကြွ လုပ်သွားမယ်လို့ ထိုင်ဝမ်ကိုယ်စားလှယ်က အောက်တိုဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
APEC ညီလာခံဟာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့ပါတဲ့ နိုင်ငံတကာ ဖိုရမ်နည်းနည်းထဲက တခုပါ။ အစိုးရကျောထောက်နောက်ခံပြု ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ကြီး ထိုင်ဝမ်မြို့တော်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ လင်ရှင်းယိက ထိုင်ဝမ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါနေတယ်လို့ ထိုင်ပေမြို့တော်က ရုံးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့မယ့် ထိပ်သီးညီလာခံမှာ ဘယ်သူနဲ့ စကားပြောဖို့ စီစဉ်ထားတယ်ဆိုတာ လင်ကမပြောခဲ့ဘဲ မီဒီယာတွေရဲ့မေးခွန်းတွေ ကိုလည်း မဖြေခဲ့ပါဘူး။
တရုတ်က သူပိုင်တယ်လို့ အခိုင်အမာ ကြေညာနေတဲ့ ထိုင်ဝမ်အစိုးရက အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် APECမှာ "တရုတ်တိုင်ပေ" အဖြစ် ပါဝင်နေပြီး နိုင်ငံရေး အာရုံခံစားမှုတွေနဲ့ တရုတ်ရဲ့ ကန့်ကွက်ချက်တွေကြောင့် ထိပ်သီးအစည်းအဝေးတွေတက်ဖို့ သမ္မတကို မလွှတ်ပါဘူး။
ထိုင်ဝမ်-အမေရိကန်၊ ဆက်သွယ်ရေးက "အတော်လေးချောမွေ့ပြီး ထရမ့်ပ် သမ္မတ ဖြစ်လာပြီးကတည်းက အမေရိကန်ဟာ ထိုင်ဝမ်ကို ထောက်ခံကြောင်း ထပ်ခါတလဲလဲ ထပ်လောင်း ပြောဆိုခဲ့တယ်"လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြောက်အမေရိကရေးရာဌာန အကြီးအကဲ ဝမ်လျန်ယုက ထိုင်ပေမြို့မှာ အစောပိုင်းက ပြောပါတယ်။
တရုတ်ပြည်မကြီးအစိုးရက ကိုယ်ပိုင်နယ်မြေအဖြစ် ရှုမြင်တဲ့ ဒီမိုကရေစီနည်းကျ ကိုယ်တိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်အပေါ် စစ်ရေးနဲ့ သံတမန်ရေးရာ ဖိအားတွေ အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
တရားဝင် သံတမန်ဆက်ဆံရေး ကင်းမဲ့နေပေမဲ့ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ လက်နက် ထောက်ပံ့သူ ဖြစ်ပါတယ်။
တရုတ်ပြည်မကြီး အစိုးရကတော့ အမေရိကန်က ထိုင်ဝမ်ကို ထောက်ခံတဲ့ ဘယ်လို ပြသမှုမျိုးကိုမဆို ရှုတ်ချလေ့ရှိပါတယ်။
Source: Reuters










