DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ပူတင်တို့ ထိပ်သီးအစည်းအဝေးကျင်းပမည့်အချိန် မသိရသေး 
DVB
·
October 22, 2025
ထရမ့်ပ်နှင့် ပူတင်တို့ ထိပ်သီးအစည်းအဝေးကျင်းပမည့်အချိန် မသိရသေး 
Donate to DVB

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးကြိုးပမ်းချက်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ထိပ်သီးဆွေးနွေးပွဲ ဘယ်အချိန်ကျင်းပမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူအသေအပျောက်အများဆုံး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ချင်တယ်လို့သမ္မတ ထရမ့်ပ်က ထပ်ခါတလဲ ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးဟာ ဂါဇာက အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပဋိပက္ခကို အဆုံးသတ်ခြင်းထက် ငြိမ်းချမ်းရေး ရဖို့ ပိုခက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက်က ပူတင်နဲ့ စကားပြောပြီးတဲ့နောက်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လာ့ဗ်ရော့ဗ်တို့ဟာ သီတင်းပတ်နှစ်ပတ်အတွင်း ဘူဒါပတ်စ်မြို့ မှာ ဖြစ်နိုင်ခြေရှိတဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ခုသီတင်းပတ်အတွင်း တွေ့ဆုံမယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

ရူဘီအိုနဲ့ လာ့ဗ်ရော့ဗ်တို့ဟာ စစ်ပွဲအဆုံးသတ်ရေး ဖြစ်နိုင်ချေရှိတဲ့ မျှော်လင့်ချက်တွေ မတူကြဘူးလို့ အမည်မသိအိမ်ဖြူတော်အရာရှိတယောက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြပါတယ်။

လာ့ဗ်ရော့ဗ်က ရူဘီအိုနဲ့ တယ်လီဖုန်း အဆက်အသွယ် ဆက်လုပ်ဖို့ သဘောတူခဲ့ပြီး ရုရှသမ္မတနန်းတော်က ရက်အတိအကျ မသတ်မှတ် ရသေးတဲ့ ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။

ပဲ့စ်ကို့ဗ်က “သမ္မတ ထရမ့်ပ်ရော ပူတင်ပါ ရက်အတိအကျ မပြောခဲ့ပါဘူး။ ကျနော်တို့မှာ လေးနက်တဲ့ ပြင်ဆင်မှုလိုအပ်တယ်”လို့ ပြောပါတယ်။

ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်တွေနဲ့ ယူကရိန်းတပ်တွေကြား ၈ နှစ်ကြာ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက် ဖေဖော်ဝါရီမှာ ယူကရိန်းကို ရုရှားတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီမှာ ယူကရိန်းဆီလွှတ်ဖို့ အမိန့်ပေးခဲ့တဲ့ ပူတင်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိပြီး စစ်ပွဲအဆုံးသတ်ရေး အခြေအနေတွေကို ချမှတ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

ထရမ့်ပ်နဲ့ ပူတင်တို့က စစ်အေးတိုက်ပွဲကို အဆုံးသတ်ဖို့ အလက်စကာမြို့ က စစ်အေးခေတ်လေတပ်အခြေစိုက်စခန်းမှာ သြဂုတ် ၁၅ ရက်က တွေ့ဆုံခဲ့ပေမဲ့ ဆွေးနွေးပွဲမှာ သဘောထား ကွဲလွဲမှုတွေ သိသိသာသာ ရှိနေတယ်လို့ အမေရိကန်နဲ့ ရုရှားသတင်းရင်းမြစ်တချို့က ပြောခဲ့ပါတယ်။

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013