DVB Logo
Home
နိုင်ငံတကာ
လန်ဒန်တွင် ကျင်းပမည့် မဟာမိတ်များ တွေ့ဆုံပွဲကို သမ္မတ ဇလန်းစကီး တက်မည် 
DVB
·
October 22, 2025
လန်ဒန်တွင် ကျင်းပမည့် မဟာမိတ်များ တွေ့ဆုံပွဲကို သမ္မတ ဇလန်းစကီး တက်မည် 
Donate to DVB

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ဗြိတိန်မြို့တော် လန်ဒန်မှာ သောကြာနေ့ ကျင်းပမယ့် "မဟာမိတ်တွေရဲ့ ဆန္ဒရှိမှုလို့ နာမည်ပေးထားတဲ့ ယူကရိန်းမဟာမိတ်များ အစည်းအဝေးကို တက်လိမ့်မယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။

မက်ခွန်းက စလိုဗေးနီးယားနိုင်ငံမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ပြင်သစ်နဲ့ ဗြိတိန်တို့က ဖေဖော်ဝါရီလမှာ စုစည်းထားတဲ့ “ဆန္ဒရှိသော ညွန့်ပေါင်းအဖွဲ့”ဟာ ယူကရိန်းအတွက် စစ်ရေးအရ ပံ့ပိုးကူညီနိုင်မယ့် အစီအစဉ်တွေကို သတ်မှတ်ဖို့နဲ့ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးအပြီး ရုရှားက ယူကရိန်းကို ထပ်တိုက်ခိုက်တာကနေ ဟန့်တားဖို့ အဆင့် အမျိုးမျိုးနဲ့ လပေါင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်။

ဇလန်းစကီးဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အရင်အပတ်က နောက်ဆုံးတွေ့ဆုံမှုကို လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်တွေရရှိရေး တိုးတက်မှုကို ဖြစ်ထွန်းစေတဲ့ အောင်မြင်မှုအဖြစ် တနင်္လာနေ့က ထုတ်ပြောခဲ့ပါတယ်။

ဒါဟာ အိမ်ဖြူတော်မှာ ထရမ့်ပ်က သူ့ကို စော်ကားပြောဆိုခဲ့တယ်ဆိုတဲ့ တခြားအစီရင်ခံစာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။

ပြင်သစ်၊ စပိန်၊ အီတလီနဲ့ ဂရိတို့အပြင် ဆိုက်ပရပ်စ်နဲ့ မော်လ်တာတို့လို နိုင်ငံငယ်တွေပါတဲ့ MED9 နိုင်ငံတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂါဇာကမ်းမြောင်စီမံကိန်းအပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ စလိုဗေးနီးယားနိုင်ငံမှာ စုဝေးခဲ့ကြပါတယ်။ 

ခရိုအေးရှားဝန်ကြီးချုပ် အန်ဒရေ ပလန်ကိုဗစ်စ်က ဒီအစီအစဉ်ဟာ မွန်မြတ်တဲ့ ကြိုးပမ်းချက်တရပ် ဖြစ်ပေမဲ့ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားဖို့ ထရမ့်ပ်က အဆိုပြုထားတဲ့ နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ကို နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံရမယ်လို့ ပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013