DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာဖြစ်စဥ်မှ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး
DVB
·
October 21, 2025
လှိုင်သာယာဖြစ်စဥ်မှ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး
Donate to DVB

ပစ္စည်းခိုးတယ်ဆိုပြီး သားအမိ ၂ ယောက်အား နှိပ်စက်ခဲ့တဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်က တွယ်တာသူ အထည်ဆိုင်ပိုင်ရှင်နဲ့ ဗီဒီယိုရိုက်တင်ခဲ့တဲ့ ဝန်ထမ်းကို အောက်တိုဘာ ၂၁ ရက် နေ့လယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်က တွယ်တာသူဆိုင်မှ စတီးဇလုံ အလုံး ၂၀ ခိုးတယ်ဆိုပြီး အမျိုးသမီးနဲ့ ကလေးငယ်အား ရိုက်နှက်ကာ ဓာတ်တိုင်မှာ ကြိုးတုပ်ထားတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာ စိုးတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“အဲ့အမျိုးသမီးက ဗီဒီယိုတွေဖျက်ပြီး Tiktok အကောင့်ပါ ချိန်းလိုက်တာ။ ဒါပေမဲ့ မရဘူး၊ ရပ်ကွက်မှာ အုတ်အော်သောင်းတင်းဖြစ်နေပြီ၊ ရဲတွေက ဝင်ဖမ်းတာ ဝန်ထမ်းတွေရောပါတယ်။”

ခိုးယူသူကို ဥပဒေအရ ရပ်ကွက်၊ ရဲစခန်းနဲ့ချိတ်ဆက်ကာ အရေးယူရမယ့်ကိစ္စကို မိမိသဘောဆန္ဒနဲ့ ရိုက်နှက်နှိပ်စက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တဲ့အတွက် ဆိုင်ရှင်နဲ့ဝန်ထမ်းကို ပရဟိတအဖွဲ့အစည်းတွေက ကလေးသူငယ်ဥပဒေနဲ့အမှုဖွင့်ဖို့ စီစဥ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ရဲစခန်းကလည်း သူ့ကို အရေးယူဖို့စစ်ဆေးနေသလို ပရဟိတအဖွဲ့အစည်းတွေကလည်း ကလေးသူအခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ဖို့ စီစဥ်နေတယ်။ လက်ရှိအခြေအနေက စစ်ဆေးနေတုန်းပါ။” 

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မနော်ဝါဝါလှိုင် နဲ့ ဝန်ထမ်းအချို့ကို လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013