DVB Logo
Home
နိုင်ငံတကာ
ယီမင်နိုင်ငံရှိ နိုင်ငံခြားသား ကုလဝန်ထမ်းများကို  ဟူသီတပ်ဖွဲ့က ဖမ်းဆီး
DVB
·
October 21, 2025
ယီမင်နိုင်ငံရှိ နိုင်ငံခြားသား ကုလဝန်ထမ်းများကို  ဟူသီတပ်ဖွဲ့က ဖမ်းဆီး
Donate to DVB

ယီမင်နိုင်ငံမြို့တော် ဆာနာက ကုလသမဂ္ဂရုံးရဲ့ ခြံဝင်းအတွင်း ဟူသီအာဏာပိုင်တွေက   ကျူးကျော်ဝင်ရောက်ပြီး ကုလသမဂ္ဂ နိုင်ငံတကာ ဝန်ထမ်း ၁၅ ယောက်ကို ချုပ်နှောင်ထားတယ်လို့ ကုလသမဂ္ဂပြောရေး ဆိုခွင့်ရှိသူ စတက်ဖ်နီ ဒူဂျာရစ်က အောက်တိုဘာ ၂၀ ရက်မှာ ပြော ပါတယ်။

“အခုတော့ ဝန်ထမ်းတွေဟာ ခြံဝင်းအတွင်း လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ရော ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ပါ အဆက်အသွယ်ရှိနေတယ်၊ သူတို့ ခြံဝင်းထဲကနေ အမြန်ဆုံး လွတ်လွတ်လပ်လပ် ထွက်ခွာနိုင်ဖို့ မျှော်လင့်ပါတယ်။” 

အောက်တိုဘာ ၁၈ ရက်ကတည်းက ခြံဝင်းထဲမှာ ထိန်းသိမ်းခံထားရတဲ့ ယီမင်ဝန်ထမ်း ၅ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီ လို့ ဒူဂျာရစ်က ပြောပါတယ်။ 

ဒါ့အပြင် နောက်ထပ် ကုလသမဂ္ဂ ဝန်ထမ်း ၅၃ ယောက်ကိုလည်း ဟူသီသူပုန်တွေက ဥပဒေမဲ့ ဖမ်းဆီးထားဆဲဖြစ်ပြီး တချို့က ၂၀၂၁ ခုနှစ်ကတည်းက အဖမ်းခံထားရတာလို့ ပြောပါတယ်။

ထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆော်ဒီအာရေးဗျ၊ အီရန်နဲ့ အိုမန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တနင်္လာနေ့က ပြောဆိုခဲ့တယ် လို့ ဒူဂျာရစ်က ပြောပါတယ်။ 

အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတွေဟာ မြို့တော်ဆာနာအပါအဝင် ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်း အများစုကို ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အစောပိုင်းမှာ အာဏာသိမ်းပြီးကတည်းက ထိန်းချုပ်ထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013