DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ အခွန်တိုးကောက်မည့်အပေါ် ဗင်နီဇွဲလားသမ္မတက ကိုလံဘီယာဘက်မှ ကာကွယ်ပြောဆို
DVB
·
October 21, 2025
ထရမ့်ပ်၏ အခွန်တိုးကောက်မည့်အပေါ် ဗင်နီဇွဲလားသမ္မတက ကိုလံဘီယာဘက်မှ ကာကွယ်ပြောဆို
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကိုလံဘီယာနိုင်ငံအပေါ် စည်းကြပ်ခွန်တွေ တိုးကောက်မှာ ဖြစ်ပြီး ပေးချေမှုတွေ အားလုံးကိုလည်း ရပ်တန့်သွားမယ်လို့ ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၀ ရက်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက တောင်အမေရိကနိုင်ငံ ကိုလံဘီယာဘက်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

“ဗင်နီဇွဲလားနဲ့ ကိုလံဘီယာဟာ တမြေတည်းမှာနေကြတဲ့ ကိုယ်ချင်းဆက် အမြွှာနိုင်ငံတွေပဲ။ ကိုလံဘီယာနဲ့ ဘာပဲလုပ်လုပ် ဗင်နီဇွဲလားနဲ့ ပတ်သက်တယ်။ ဗင်နီဇွဲလားနဲ့ ဘာပဲလုပ်လုပ် ကိုလံဘီယာနဲ့ ပတ်သက်တယ်။ ဗင်နီဇွဲလားကိုထိရင် ကိုလံဘီယာကို ထိတာပဲ” လို့ သမ္မတ မာဒူရိုက မြို့တော် ကရာကာ့စ်မှာ လူထုတွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တာပါ။

ထရမ့်ပ်ဟာ ကိုလံဘီယာရဲ့ လက်ဝဲသမ္မတ ဂူစတာဗို ပေထရိုကို “တရားမ၀င် မူးယစ်ဆေးဝါး ခေါင်းဆောင်” လို့ အောက်တိုဘာ ၁၉ ရက်မှာ ခေါ်ဆိုခဲ့ပြီး အဲဒီအသုံးအနှုန်းကို ပေထရိုရဲ့ အစိုးရက ရန်စစော်ကားမှုလို့ ဖော်ပြလိုက်ပါတယ်။

ထရမ့်ပ်ရဲ့  မူးယစ်ဆေးဝါးခေါင်းဆောင်လို့ ပြောလိုက်တဲ့ မှတ်ချက်စကားတွေဟာ ဝါရှင်တန်နဲ့ ဘိုဂိုတာအကြား ဆက်ဆံရေးနိမ့်ကျမှု အခြေအနေအသစ်ကို အမှတ်အသားပြုခဲ့ပြီး တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ဥပဒေမဲ့ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်သမ္မတက စွပ်စွဲထားတာပါ။

ပေထရိုဟာ ကရစ်ဘီယံရေပြင်ရှိ သင်္ဘောတွေကို အမေရိကန်စစ်တပ် ပစ်ခတ်မှုကြောင့် သင်္ဘောပေါ်မှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့အပေါ် ကန့်ကွက်ခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ စွပ်စွဲချက် အများစုမှာတော့ အဲဒီသင်္ဘောတွေဟာ ဗင်နီဇွဲလားကနေ ထွက်ခွာခဲ့ပြီး မူးယစ်ဆေးဝါးတွေကို မြောက်ဘက်ကို သယ်ဆောင် ရွှေ့ပြောင်းခဲ့တာဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013