DVB Logo
Home
နိုင်ငံတကာ
ကပွဲခန်းမသစ် ဆောက်ရန် အိမ်ဖြူတော်အရှေ့ဆောင် ဖြိုချ
DVB
·
October 21, 2025
ကပွဲခန်းမသစ် ဆောက်ရန် အိမ်ဖြူတော်အရှေ့ဆောင် ဖြိုချ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကပွဲခန်းမသစ်တည်ဆောက်ဖို့ အိမ်ဖြူတော် အရှေ့ဆောင် အစိတ်အပိုင်းတချို့ကို စတင်ဖြိုချနေပြီ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ ဆောက်လုပ်ရေးလုပ်သားတွေဟာ အရှေ့ဆောင်ရဲ့ ဆင်ဝင်နဲ့ ပြတင်းပေါက်တွေကို စတင်ဖြိုချနေပြီး လုံးဝခေတ်မီအောင် ဆောင်ရွက်နေတာလို့ ထရမ့်ပ်က မှတ်ချက်ပေးပါတယ်။

အိမ်ဖြူတော်မှာ ပါတီပွဲကြီးတွေ၊ နိုင်ငံတော်ခရီးစဉ်တွေ တည်ခင်းဧည့်ခံနိုင်တဲ့ ကပွဲခန်းမတခုရှိဖို့ သမ္မတတိုင်း အိပ်မက်မက်ခဲ့ရတာ အနှစ် ၁၅၀ ကျော်လောက်ရှိပြီလို့ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။

ဒေါ်လာ သန်း ၂၅၀ ကုန်ကျမယ့် အိမ်ဖြူတော် ကပွဲခန်းမဆောင်သစ်ကို မူလရှိပြီး အဆောက်အအုံတွေနားမှာ တည်ဆောက်မှာဖြစ်ပြီး လက်ရှိအဆောက်အအုံကို မထိခိုက်ဘူးလို့ ထရမ့်ပ်က ဇူလိုင်လတုန်းက ပြောခဲ့ပါတယ်။

ဒီစီမံကိန်းကို ရက်ရောတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေက ပုဂ္ဂလိက ပံ့ပိုးပေးထားတာလို့ ထရမ့်ပ်က ဆိုပါတယ်။

ဒါပေမဲ့ ဘယ်သူတွေ လှူဒါန်းကြတယ်ဆိုတာ အိမ်ဖြူတော်က အသေးစိတ် မထုတ်ပြန်ထားသေးပါဘူး။

အမေရိကန်သမ္မတတွေရဲ့ အိမ်တော်ဖြစ်ခဲ့တာ ရာစုနှစ် ၂ ခု ကြာခဲ့ပြီဖြစ်တဲ့ အိမ်ဖြူတော်ရဲ့ အရှေ့ဆောင်ကို ၁၉၀၂ မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၄၂ မှာ နောက်ဆုံး မွမ်းမံပြုပြင်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013