DVB Logo
Home
မြန်မာသတင်း
ဒီပါဝလီပွဲတော်နေ့ ကျောက်တန်း ပီလခတ်ဘုရားကျောင်းမြင်ကွင်း (ဓာတ်ပုံ) 
DVB
·
October 20, 2025
ဒီပါဝလီပွဲတော်နေ့ ကျောက်တန်း ပီလခတ်ဘုရားကျောင်းမြင်ကွင်း (ဓာတ်ပုံ) 
1 / 12
Donate to DVB

အောက်တိုဘာ ၂၀ ရက် ဒီကနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော်နေ့ဖြစ်ပြီး ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့က နာမည်ကျော် ပီလခတ်ဘုရားကျောင်းမှာ ဘုရားဖူးပြည်သူတွေ၊ အဓိဋ္ဌာန်ပြု ဆုတောင်းသူတွေနဲ့ များပြားခဲ့ပါတယ်။

ဒီပါဝလီဟာ ကမ္ဘာတဝန်းလုံးရှိ ဟိန္ဒူဘာသာဝင်များ မီးပူဇော်တဲ့ပွဲတော်တခုဖြစ်ပြီး ဘေးအန္တရာယ် အသွယ်သွယ်ကနေ ကင်းရှင်းတဲ့ အထိမ်းအမှတ်တခုအဖြစ် ဟိန္ဒူရိုးရာ ကာလီမယ်တော်နဲ့ လက်ချ်မီး မယ်တော်တို့ရဲ့ အစောင့်အရှောက်ကို ခံယူကြတာလည်း ဖြစ်ပါတယ်။

ဘရားဖူးလာရောက်သူတယောက်က “ဒီပါဝလီကကျတော့ ရာမ၊ လက္ခဏာကို ရည်စူးပါတယ်ခင်ဗျ။ ဘယ်လိုလဲဆိုတော့ ဒသဂီရိကို နှိမ်နင်းပြီးတော့ အားလုံးကို ကာကွယ်ပြီးတော့ တောကနေ နန်းတော်ကို ပြန်လာတဲ့အခါ တိုင်းသူပြည်သားတွေ အားလုံးက ဆီမီးထွန်းညှိ ပူဇော်ပသပြီး ကြည်ညိုလေးစားစွာနဲ့ သူ့ကို နန်းတော်ကို ပင့်ဆောင်တာပါ။ အဲဒါကို အထူးအမြတ်နေ့အဖြစ် အားလုံးက ဆင်နွှဲကြတာပါ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013