DVB Logo
Home
မြန်မာသတင်း
ကျောက်တန်းတွင် ၄ နှစ်သမီးလေးအား မုဒိမ်းကျင့်သူကို ဖမ်းမိ
DVB
·
July 31, 2026
Photo: Hla Min
Photo: Hla Min
Donate to DVB

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့ ရွှေပျောက်ကျေးရွာအုပ်စု ဆေးဘိုဝကျေးရွာမှာ ဇူလိုင် ၃၀ ရက် ည ၆ နာရီခွဲက အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၆ နာရီခွဲက ဆေးဘိုဝကျေးရွာမှာ တရွာတည်းနေ သားညီ (ခ) ဗီဂျေးက ၄ နှစ်သမီးလေးကို တောထဲခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“အမေဖြစ်သူက ကလေးပျောက်လို့ ရွာကလူတွေနဲ့ လိုက်ရှာရင်း ဆက်သွယ်ရေးရုံးဘေးက တောထဲမှာ ပြန်တွေ့တာ။ တွေ့တဲ့အချိန်ကလည်း ကလေးကို မုဒိမ်းကျင့်နေတဲ့အချိန်၊ မုဒိမ်းကျင့်တဲ့ကောင်ကို ရွာကလူတွေ လိုက်ဖမ်းတာ မိသွားတယ်။”

ရွာသားတွေက မုဒိမ်းမှုကျူးလွန်သူ သားညီ (ခ) ဗီဂျေးကို ဖမ်းမိပြီးနောက် မိခင်ဖြစ်သူက ကျောက်တန်းမြို့မရဲစခန်းမှာ သွားရောက် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ သားညီ (ခ) ဗီဂျေးကို ကျောက်တန်းမြို့မရဲစခန်းက စစ်ဆေးပြီးနောက် ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ဖြစ်စဥ် မှန်ကန်တဲ့အတွက် ပုဒ်မ ၃၇၆၊ ပုဒ်မ ၅၁၁ နဲ့ အမှုဖွင့်ထားပါတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း စစ်ဆေးနေတယ်။”

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ သားညီ (ခ) ဗီဂျေးကို ကျောက်တန်းမြို့မ ရဲစခန်းက (ပ) ၈၇/၂၀၂၆၊ ပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။

ဇွန် ၂၀ ရက် မနက် ၈ နာရီကလည်း ကျောက်တန်းမြို့ ညောင်ဝိုင်းလေးကျေးရွာမှာ ၉ တန်းကျောင်းသူလေးအား မုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့ အိမ်နီးချင်း အမျိုးသားကို ကျေးရွာနေ ပြည်သူတွေက ဖမ်းဆီးပြီး ရဲစခန်းကို အပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013