DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်တွင် ကုန်တင်လေယာဉ် ပြေးလမ်းပေါ် ချော်ပြီး လူ ၂ ဦး သေဆုံး
DVB
·
October 20, 2025
ဟောင်ကောင်တွင် ကုန်တင်လေယာဉ် ပြေးလမ်းပေါ် ချော်ပြီး လူ ၂ ဦး သေဆုံး
Donate to DVB

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ မြို့တော်ဒူဘိုင်းကနေ ပျံသန်းလာတဲ့ ကုန်တင်လေယာဉ်တစင်း အောက်တိုဘာ ၂၀ ရက် အစောပိုင်းက ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်ချိန်မှာ ပြေးလမ်းကနေ ပင်လယ်ထဲ လမ်းချော်သွားခဲ့တယ်လို့ လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အခင်းဖြစ်ပွားရာနေရာဆီ အရေးပေါ်ဝန်ထမ်းတွေ ထွက်သွားတာ တွေ့ရပြီး Boeing 747 ကုန်တင်လေယာဉ် Air ACT liveryဟာ လေဆိပ်ရဲ့ ပင်လယ်နံရံနားက ရေထဲမှာ တစိတ်တပိုင်း နစ်မြုပ်သွားတာပါ။ 

လေယာဉ်ခေါင်းပိုင်းနဲ့ အမြီးပိုင်းတွေ ကွဲထွက်သွားခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လေယာဉ်အမှုထမ်း ၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဟောင်ကောင်လေဆိပ်က သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်ပြေးလမ်းနားက မြေပြင်ပေါ်မှာရှိတဲ့ ကားတစီးကို လေယာဉ်က ဝင်တိုက်မိလို့ ကားထဲက လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး South China Morning Post သတင်းဌာနက ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ပြီးတဲ့နောက် ကမ္ဘာ့အစည်ကားဆုံး လေဆိပ်က မြောက်ဘက် ပြေးလမ်းကို ပိတ်လိုက်တယ်လို့ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကပြောပါတယ်။

လေဆိပ် တောင်ပိုင်းနဲ့ အလယ်ပိုင်း ပြေးလမ်းတွေက လုပ်ငန်း ဆက်လည်ပတ်နေဦးမယ်လို့လည်း ပြောပါတယ်။  

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013