DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်နှင့် အာဖဂန် အပစ်အခတ်ရပ်စဲရေး သဘောတူ
DVB
·
October 20, 2025
ပါကစ္စတန်နှင့် အာဖဂန် အပစ်အခတ်ရပ်စဲရေး သဘောတူ
Donate to DVB

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက တာဝန်ရှိသူတွေက နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီလို့ အောက်တိုဘာ ၁၉ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ပြင်းထန်တဲ့ နယ်စပ်တိုက်ပွဲတွေ သီတင်းတပတ်ကြာ ဖြစ်ပွားပြီးတဲ့နောက် ကာတာမြို့တော် ဒိုဟာမှာ စေ့စပ်ဆွေးနွေးမှုအတွင်း ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တယ်လို့ ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ခုလို အတည်ပြုခဲ့တာပါ။

ကာတာနဲ့ တူရကီတို့က ကြားဝင် စေ့စပ်ပေးတဲ့ ဆွေးနွေးပွဲမှာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့က ရန်လိုမှုတွေ အဆုံးသတ်ရေး၊ အိမ်နီးချင်း ၂ နိုင်ငံကြား ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ယန္တရားတွေ ထူထောင်ခြင်းဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဦးဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လူမှုမီဒီယာပို့စ်တခုမှာ ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မဒ်အီရှက် ဒါးရ် က သဘောတူညီချက်ကို ကြိုဆိုခဲ့ပြီး ဒါဟာ လမ်းကြောင်းမှန်ဆီသွားတဲ့ ပထမဆုံးခြေလှမ်းပဲလို့ ပြောလိုက်ပါတယ်။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခွါဝါဂျာအာဆစ်ဖ်ကလည်း ဒီသဘောတူညီချက်ကို ဆိုရှယ် မီဒီယာမှာ အတည်ပြုခဲ့ပြီး ၂ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေဟာ အောက်တိုဘာ ၂၅ ရက်မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ ထပ်တွေ့မယ်လို့ ပြောခဲ့ကြပါတယ်။

ဒိုဟာမှာ ညှိနှိုင်းချက်တွေဟာ သဘောတူညီချက် တခုနဲ့ ပြီးဆုံးခဲ့ပြီး ဘယ်နိုင်ငံမှ တခြားနိုင်ငံအပေါ် ရန်လိုတဲ့ လုပ်ရပ်မျိုး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ဆိုရှယ်မီဒီယာပေါ်မှာ လွှင့်တင်ထားတဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013