DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်က အကြောင်းမဲ့တိုက်ခိုက်နေဟု ပါကစ္စတန် ပြောကြား
DVB
·
October 19, 2025
အာဖဂန်နစ္စတန်က အကြောင်းမဲ့တိုက်ခိုက်နေဟု ပါကစ္စတန် ပြောကြား
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လတ်တလော တိုက်ခိုက်မှုတွေဟာ နယ်စပ်ဒေသ မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်ပြီး အကြောင်းမဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှဖ်ကတ်အလီခန်းက အောက်တိုဘာ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ၂ နိုင်ငံအကြား ငြိမ်းချမ်းတဲ့ အိမ်နီးချင်းစိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ဆန့်ကျင်နေတယ်လို့လည်း ဆိုပါတယ်။

တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေဟာ မြေပြင်တိုက်ပွဲတွေကို ဆင်နွှဲခဲ့ကြပြီး ပါကစ္စတန်ကလည်း သူတို့နဲ့ တိုက်ခိုက်နေတဲ့ နယ်စပ်တလျှောက်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အောက်တိုဘာ  ၁၅ ရက် နေ့လယ် ၁ နာရီကစပြီး ၄၈ နာရီကြာ အပစ်အခတ် ရပ်စဲရေး မလုပ်ရသေးခင်မှာပဲ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

အိမ်နီးချင်း နိုင်ငံတွေဟာ အရင်တုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ဖူးပေမဲ့ အခုနောက်ဆုံးတိုက်ပွဲကတော့ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးပါပဲ။

အာဖဂန်နစ္စတန်ရှိ စခန်းတွေမှာ ခြေကုပ်ယူထားပြီးတော့ ပါကစ္စတန်မှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာတဲ့ စစ်သွေးကြွတွေကို ထိန်းချုပ်ပေးဖို့ ကဘူးလ်ကို အစ္စလာမ်မာဘတ်က တောင်းဆိုခဲ့ပြီးနောက်မှာ အစ္စလာမ္မစ်နိုင်ငံတွေကြားမှာ လတ်တလော သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။

တာလီဘန်တွေက အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ပါကစ္စတန်စစ်တပ်ကိုလည်း အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်နေတာ၊ နယ်စပ်တင်းမာမှုတွေဖြစ်အောင် ရန်စတာနဲ့ နိုင်ငံကို တည်ငြိမ်မှုနဲ့ အချုပ်အခြာအာဏာကို ပျက်ပြားစေဖို့ ISIS နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွတွေကို ခိုလှုံခွင့်ပေးထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီစွပ်စွဲမှုတွေကို အစ္စလာမာဘတ်က ငြင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013