
တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နဲ့ ချစ်ကြည်ရင်းနှီးမှုကို ဆက်ထိန်းသိမ်းဖို့၊ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှုကိုမြှင့်တင်ဖို့နဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ အားအကိုးရဆုံး မိတ်ဖက်တယောက်ဖြစ်ဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မေ ၆ ရက်မှာ ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ ဝမ်ယိက ပေကျင်းမြို့တော်မှာ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ခါလီလူရာမန်နဲ့ ဆွေးနွေးပွဲ အတွင်းမှတ်ချက်ပြုခဲ့တာပါ။
တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပြန်အားဖြည့်ခြင်းနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို မြှင့်တင်ခြင်းတို့အတွက် ထောက်ခံတယ်လို့လည်း သူက ထောက်ပြပါတယ်။
တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို အကောင်းဆုံးပံ့ပိုးမှုနဲ့ အကူအညီတွေဆက်ပေးဖို့ ဆန္ဒရှိတယ်လို့လည်း ဝမ်ယိက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်ရဲ့ ရေရှည်ပံ့ပိုးမှုနဲ့ အကူအညီတွေကို ကျေးဇူးတင်တယ်လို့ ရာမန်က ပြောပါတယ်။
ဘက်စုံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့ ၂ နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်တခုဆီ မြှင့်တင်ဖို့ ကိုယ်ပိုင်စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ မျှော်လင့်တယ်လို့လည်း ရာမန်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်စီးပွားရေးလုပ်ငန်းတွေ ဘင်္ဂလားဒေ့ရှ်မှာလာပြီး ရင်းနှီးမြှုပ်နှံဖို့ ကြိုဆိုခဲ့ပါတယ်။ တည်ငြိမ်၊ ခိုင်မာပြီး ခန့်မှန်းနိုင်တဲ့ စီးပွားရေး ပတ်ဝန်းကျင်ကို ပံ့ပိုးပေးဖို့ အသင့်ရှိတယ်လို့လည်း သူက ထပ်ပြော ပါတယ်။
နှစ်ဖက်စလုံးက ဘုံစိုးရိမ်မှုရှိတဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲအပြီးမှာ နှစ်ဖက်စလုံးက ပူးတွဲသတင်း ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
Source: Reuters










