
အင်္ဂလန်နံပါတ်တစ်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းနဲ့ ၄ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ပစ်ဖို့ဒ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဆန်းဒါးလန်း ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အခုနှစ်ရာသီက အသင်းနဲ့အတူ ၉ ရာသီမြောက် ပါဝင်ကစားနေတာပါ။
အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို ကျေနပ်ပျော် ရွှင်မိပြီး ဒီအသင်းမှာ မိမိရဲ့ အမွေအနှစ်တခု ချန်ရစ်နိုင်အောင် တည်ဆောက်ဖို့နဲ့ မိမိတို့ဖြစ်ချင်တဲ့ နေရာကို ရောက်အောင် စွမ်းဆောင်ဖို့ အခွင့်အရေး ရရှိခဲ့တာဖြစ်ကြောင်းလည်း ပစ်ဖိုဒ်က ပြောပါတယ်။
ဆန်းဒါလန်းကနေ ပြောင်းရွှေ့လာတဲ့ လူငယ်လေးတယောက်ကနေ အခုလို လူကြီးဖြစ်လာတဲ့အထိ ကြီးပြင်းလာတဲ့အသင်း ဖြစ်တာကြောင့် အဲဗာတန်အသင်းက မိမိနဲ့ မိသားစုအတွက် ထူးခြားတဲ့အသင်း ဖြစ်ကြောင်းလည်း ပစ်ဖို့ဒ်က ပြောပါတယ်။
စာချုပ်သစ်အရ ၂၀၂၉ ခုနှစ်အထိ အသင်းမှာ ဆက်ရှိတော့မှာဖြစ်ပါတယ်။










