DVB Logo
Home
မြန်မာသတင်း
တပ်သားသစ်စုဆောင်းခံရသည့် အယောက် ၃၀ ဝန်းကျင်ကို KIA  ပြန်လွှတ်ပေး
DVB
·
October 18, 2025
တပ်သားသစ်စုဆောင်းခံရသည့် အယောက် ၃၀ ဝန်းကျင်ကို KIA  ပြန်လွှတ်ပေး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့မှာ တပ်သားသစ်စုဆောင်းခံရတဲ့ အသက်မပြည့်သေးသူတွေနဲ့ အမျိုးသမီးစုစုပေါင်း ၃၀ ဝန်းကျင်ကို ကချင်လွတ်လပ်ရေးတပ်တော် (KIA) က ပြန်လွှတ်ပေး လိုက်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်(ဖားကန့်မြို့နယ်) ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ KIA တပ်မဟာ ၉ ကတာဝန်ရှိသူတွေနဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေးလူထုကွန်ရက် (ဖားကန့်မြို့နယ်)၊ လူထုအခြေပြုရုံး၊ နွေဦးသစ္စာ (ဗဟို) စ တဲ့ ဒေသတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံပြီးနောက် KIA က လူသစ်စုဆောင်းထားတဲ့ အသက်မပြည့်သေးသူ ၁၃ ယောက်ဝန်းကျင်နဲ့ အမျိုးသမီး ၁၇ ယောက်ကို ပြန်လွှတ်ပေးလိုက် တာလို့ ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် (ဖားကန့်မြို့နယ်) ပြန်ကြားရေးတာဝန်ခံက” တွေ့ဆုံးဆွေးနွေးပြီးလည်း လူသစ်ထပ်စုဆောင်းနေပါတယ်။ ဒေသတွင်း တော်လှန်ရေး အင်အားစုအနေနဲ့က ပြည်သူအတွက် လုပ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။ တွေ့ဆုံမှုအရ ပြန်လွှတ်ပေးသူ အယောက် ၃၀ ဝန်းကျင်ပါ။ မိန်းကလေးအများစု ပြန်လွတ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

KIA ရဲ့ တပ်သားသစ်စုဆောင်းတာကို ဆက်ပြီးကန့်ကွက်သွားမှာဖြစ်ပြီး တပ်မဟာ ၉ နဲ့ တွေ့ဆုံရာမှာ တော်လှန်ရေးအင်အားစုတွေက အတင်းအကျပ်လူသစ်စုဆောင်းတဲ့ကိစ္စ၊ ငွေနဲ့ပြန်ရွေးရတဲ့ကိစ္စ၊ ကချင်လူမျိုးတွေကိုပဲ လူသစ်စုဆောင်းတဲ့ကိစ္စ၊ အခွန်ကောက်ခံမှု အကျင့်ပျက်ခြစားနေတဲ့ ကိစ္စတွေကို တင်ပြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ စာရင်းအချက်အလက်ပြုစုနေတဲ့ ဒေတာတွေအရ ဈေးမတူပါဘူး။ ၁၀ သိန်း ကနေ သိန်း ၈၀ အထိ ပေါက်ပါတယ်။ ဒီအတွက် KIO ဗဟိုအဓိ စာတင်ပြနိုင်ဖို့ ကျနော် တို့ အင်အားစုတွေ ကြိုးစားနေတာရှိပါတယ်။ အခုလတ်တလောမှာတော့ ငွေကြေးပေးရသူတွေနဲ့ ချိတ်ဆက်မိနိုင်ဖို့ (သက်သေအနေနဲ့) ကြိုးစားနေပါတယ်။”

ဒေသတွင်းအဆင်ပြေဖို့ အောက်ခြေနဲ့ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ပြီး အောက်ခြေကို အသိပေးပြီးမှ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့လည်း တပ်မဟာ ၉ မှ တာဝန်ရှိသူတယောက်က ပြောဆိုတယ်လို့ ဆိုပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “လူသစ်စုဆောင်းတာက ကျနော် ဘာမှပြောစရာမရှိဘူး။ စစ်ကော်မရှင်ကလည်း စုဆောင်းတယ်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကလည်း စုဆောင်းတယ်။ ကျနော်တို့ လူသစ်စုဆောင်းမှ ဘာလို့ သတင်းဖြစ်တာလဲ။ အဲဒါမေးခွန်းထုတ်စရာ ဖြစ်နေတာ။ ကျနော်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် လူသစ်စုဆောင်းနေတာ။ ကျနော်တို့က လူသစ်စုဆောင်းတယ်ဆိုတာ နည်းနည်းလေး စုဆောင်းတာ။ လက်မခံဘဲနဲ့ ထွက်ပြေးတာတွေရှိတယ်။ အားလုံးကို တာဝန်ရှိတယ်လို့ စည်းရုံးပြီးမှ စုဆောင်းတာ။ ညှိနှိုင်းတယ်ဆိုတာက ကျနော်တို့မူဝါဒနဲ့ မဆိုင်ဘူး။ ကျနော်တို့ရဲ့ ရပ်တည်ချက်ပါ။” လို့ ပြောပါတယ်။

ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်ပေမဲ့ ဆိပ်မူကျေးရွာအုပ်စု၊ လုံးခင်းအုပ်စုတွေမှာ KIA က အတင်းအကျပ် တပ်သားသစ်စုဆောင်းတာတွေ ဆက်လုပ်နေပြီး စစ်ကောင်စီဘက်ကလည်း ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းဆက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013