DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနက ထုတ်ပေးသည့် ဘောင်ချာဖြင့်သာ ရွှေရောင်းဝယ်ရတော့မည်
DVB
·
October 16, 2025
ဝန်ကြီးဌာနက ထုတ်ပေးသည့် ဘောင်ချာဖြင့်သာ ရွှေရောင်းဝယ်ရတော့မည်
Donate to DVB

ရွှေဆိုင်တွေအနေနဲ့ စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းက ထုတ်ပေးတဲ့ ဘောင်ချာတွေနဲ့သာ ရွှေရောင်းဝယ်ရတော့မယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ရွှေရောင်းဝယ်ရေးလုပ်ငန်းတွေအနေနဲ့ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရမှာဖြစ်ပြီး လိုင်စင်ကျတဲ့အခါမှာ ရွှေရောင်း/ဝယ်ပြေစာ စာအုပ်ကိုပါ ဝန်ကြီးဌာနက ရောင်းချပေးမှာ ဖြစ်ပါတယ်။

ရွှေရောင်း/ဝယ်ပြေစာ စာအုပ်နဲ့ပတ်သက်ပြီးလည်း စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ လိုင်စင်ရရှိထားသူတွေအနေနဲ့ အဲဒီစာအုပ်သော်လည်းကောင်း၊ စာအုပ်ထဲက ပြေစာ အလွတ်ကိုသော်လည်းကောင်း လွှဲပြောင်းခြင်း မပြုရဘဲ စာအုပ်အပါ စာရွက်တိုင်းမှာ ဆိုင်နာမည်၊ ဆိုင်အမှတ်တို့ကို တံဆိပ် ရိုက်နှိပ်ထားရမယ်လို့ သိရပါတယ်။

ဝန်ကြီးဌာနက ထုတ်ပေးတဲ့ ပြေစာစာအုပ်ရဲ့ စာမျက်နှာတွေမှာ ပြေစာ အမှတ်စဉ်တွေ မူလကတည်းက ထည့်သွင်းထားတာ တွေ့ရပါတယ်။ စည်းကမ်းချက်ထဲမှာလည်း ဆိုင်တွေအနေနဲ့ စာအုပ်ပါ အမှတ်စဉ်အလိုက် တဆက်တည်း သုံးစွဲရမယ်လို့ သတ်မှတ်ထားပါတယ်။

ပြေစာကို ရေးရာမှာ ရောင်း/ဝယ်တဲ့ နေ့စွဲ၊ ဆိုင်အမည်၊ ဆိုင်အမှတ်၊ ရောင်းဝယ်သူ အမည်၊ မှတ်ပုံနံပါတ်၊ လိပ်စာတို့အပြင် ရောင်း/ဝယ်သူအမည်နဲ့ လက်မှတ်ကို အပြည့်အစုံထည့်သွင်း ဖော်ပြရမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ရွှေထည်ရဲ့ အရည်အသွေး၊ အလေးချိန် (ဂရမ်)၊ ဈေးနှုန်းတို့ကို ဖော်ပြရမှာဖြစ်ပြီး ဝယ်ယူသူကို မူရင်းပြေစာနဲ့ ပထမ မိတ္တူ၊ ဒုတိယ မိတ္တူကို အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ တတိယ မိတ္တူကို ဆိုင်လက်ခံအဖြစ် ထားရမှာ ဖြစ်ပါတယ်။

အရောင်းအဝယ် လုပ်ရာမှာလည်း ရည်ညွှန်ဈေး သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချရမှာဖြစ်သလို စည်းကမ်းချက်တွေ ချိုးဖောက်တာ၊ ပြေစာ စာရွက် ပျောက်ဆုံးတာ၊ မမှန်မကန် တင်ပြတာတွေ လုပ်ရင် ဥပဒေ၊ နည်းဥပဒေပါ စီမံခန့်ခွဲရေး နည်းလမ်းတွေနဲ့ အရေးယူခံရမယ်လို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ ရွှေရည်ညွှန်း သတ်မှတ်ဈေးက တကျပ်သားကို ၅,၉၉၀,၀၀၀ ကျပ်သာ သတ်မှတ်ထားပေမဲ့ ပြင်ပ ဈေးကွက်ထဲမှာတော့ တကျပ်သားကို ကျပ် ၈၇ သိန်းဝန်းကျင်ထိ ပေါက်ဈေး ရှိနေပြီး အ‌ရောင်းရပ်ထားကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့ အောက်တိုဘာ ၁၆ ရက်မှာ တအောင်စကို အမေရိကန် ဒေါ်လာ ၄,၂၄၀ ကျော်အထိ အမြင့်ဆုံးတက်ခဲ့ပြီး ပြည်တွင်းရွှေဈေးကလည်း ကျပ် ၈၇ သိန်းဝန်းကျင်ကို ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013