DVB Logo
Home
နိုင်ငံတကာ
ငလျင်ဒဏ် ကုစားရန် အင်္ဂလန်ဗဟိုဘဏ်ထဲက ဗင်နီဇွဲလားပိုင်ရွှေများ ပြန်ထုတ်ခွင့်ပေးရန် တောင်းခံ 
DVB
·
July 9, 2026
Photo: REUTERS/Leonardo Fernandez Viloria
Photo: REUTERS/Leonardo Fernandez Viloria
Donate to DVB

ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်ဟာ အင်္ဂလန်ဗဟိုဘဏ်မှာ ထိန်းသိမ်းထားတဲ့ ဗင်နီဇွဲလားရဲ့ ရွှေတွေကို ပြန်ထုတ်ပေးဖို့ အင်္ဂလန်ဘုရင်ဆီ စာတစောင် ပေးပို့ထားတယ်လို့ ဇူလိုင် ၈ ရက်နေ့ အစည်းအဝေးမှာ ပြောပါတယ်။

ဒီရွှေတွေဟာ ဗင်နီဇွဲလားနိုင်ငံပိုင်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားလှတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖြေရှင်းဖို့နဲ့ နိုင်ငံပြန်လည်ထူထောင်ရေးမှာ မဖြစ်မနေ အသုံးပြုရမှာဖြစ်သလို၊ ဗင်နီဇွဲလားနိုင်ငံအနေနဲ့ ပြန်လည်နာလန်ထူဖို့ အရင်းအမြစ်တွေ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာ ပိတ်မိနေတဲ့ ဗင်နီဇွဲလားရဲ့ အရင်းအမြစ်တွေကို ပြန်ထုတ်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး IMF ညွှန်ကြားရေးမှူးနဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ကာ ဂရုတစိုက် နားလည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်းလည်း ရိုဒရီဂတ်ဇ်က ပြောပါတယ်။

ဒါ့အပြင် ဗင်နီဇွဲလားရဲ့ ရပိုင်ခွင့် ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းထားတဲ့ ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေးနဲ့ အမြန်ဆုံး နာလန်ထူနိုင်ရေးအတွက် အဲဒီပိုင်ဆိုင်မှုတွေကို ပြန်လည်လက်လွှတ်ပေးကြဖို့ တောင်းဆိုခဲ့သလို ဗင်နီဇွဲလားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အဆုံးသတ်ပေးဖို့ပါ ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

ဒီပြန်လည်ထူထောင်ရေးမှာ အလုပ်အကိုင်၊ လုပ်ငန်းခွင်တွေနဲ့ ကလေးသူငယ်တွေ၊ လူငယ်တွေအတွက် အရည်အသွေးမီ ပညာရေး အပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အပြည့်အဝ ပြန်လည်ကုစားပေးနိုင်ဖို့က အဓိကကျတယ်လို့လည်း ပြောပါတယ်။

အဲဒီအစည်းအဝေးမှာပဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟဲ ရိုဒရီဂတ်ဇ်က ဗင်နီဇွဲလားနိုင်ငံမှာ ဇွန် ၂၄ ရက်က နိုင်ငံတွင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင် ၂ ခုကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်အထိ သေဆုံးသူအရေအတွက်ဟာ ၃,၈၁၁ ယောက်အထိ ရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူ ၁၆,၇၄၀ ယောက် ရှိခဲ့ပြီး အပျက်အစီးတွေ ကြားထဲကနေ ၆,၄၆၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကာ မိသားစုပေါင်း ၈၆,၇၉၄ စုကို ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အဆောက်အအုံတွေ ပြိုကျတာနဲ့ ဆိုးဆိုးရွားရွား ပျက်စီးသွားတာတွေကြောင့် လောလောဆယ်အထိ အိုးအိမ်မဲ့ဖြစ်သွားရသူ ၁၇,၉၀၇ ယောက် ရှိနေပြီဖြစ်ကြောင်းလည်း အချက်အလက်တွေအရ အတည်ပြု ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013