DVB Logo
Home
မြန်မာသတင်း

ဗဟိုဘဏ်က နို၀င်ဘာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် ရောင်းချ

DVB
·
November 26, 2026
Photo: MOI
Photo: MOI
Donate to DVB

စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ အရေးကြီးကုန်စည်တွေဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီနဲ့ ဓာတ်မြေဩဇာ တင်သွင်းနိုင်ဖို့အတွက် ၂၀၂၆ ဧပြီကနေ နိုဝင်ဘာလအတွင်း သွင်းကုန်လုပ်ငန်းရှင်တွေဆီကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် အပါအဝင် တခြား နိုင်ငံခြားငွေတွေကို ရောင်းချပေးခဲ့တယ်လို့ နို၀င်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်က ဦးဆောင်တဲ့ အွန်လိုင်းနိုင်ငံခြားငွေအရောင်းအဝယ်စနစ် (FX Market Online Trading Platform) နဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရ ပုဂ္ဂလိကဘဏ် (AD လိုင်စင်ရဘဏ်) တွေကနေတဆင့် သွင်းကုန်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို ရောင်းချပေးနေတာလို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ် ဧပြီကနေ အောက်တိုဘာလအထိ ၇ လတာကာလအတွင်း အွန်လိုင်းပလက်ဖောင်းနဲ့ ပုဂ္ဂလိကဘဏ်တွေကနေ အမေရိကန်ဒေါ်လာ ၂,၁၆၉ ဒသမ ၈ သန်း၊ တရုတ်ယွမ် ၁,၈၉၂ ဒသမ ၄ သန်း၊ ထိုင်းဘတ် ၆,၅၇၆ ဒသမ ၂ သန်းနဲ့ အိန္ဒိယရူပီး ၇၄ ဒသမ ၅ သန်းလောက်ကို ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု နိုဝင်ဘာလအတွင်းမှာလည်း အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၈၉ ဒသမ ၉ သန်း၊ ထိုင်းဘတ် ၇၆၂ ဒသမ ၆ သန်းနဲ့ အိန္ဒိယရူပီး ၁၃ ဒသမ ၃ သန်းလောက် နောက်ထပ် ရောင်းချပေးခဲ့ပြီးလို့ စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က အသိပေးပါတယ်။

အရေးကြီးကုန်စည်တွေ တင်သွင်းဖို့အတွက် စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ ဧပြီကနေ အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာ ၁,၇၀၂ ဒသမ ၄ သန်းခန့် ရောင်းချပေးခဲ့သလို အခု နိုဝင်ဘာလအတွင်းမှာလည်း ၁ ဒေါ်လာကို ၃,၆၆၀ ကျပ်နှုန်း (Market Trading Rate) နဲ့ အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၈ သန်းလောက် ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာ ၃,၆၆၀ ကျပ်နှုန်း သတ်မှတ်ထားပေးမဲ့ အပြင်ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးဟာ ၁ ဒေါ်လာကို ကျပ် ၅,၃၀၀ လောက်ထိ မြင့်တက်နေတာပါ။

တရုတ်-မြန်မာနယ်စပ်မှာလည်း တရုတ်ယွမ်ဈေး တက်နေပြီး ၁၀၀ ယွမ်ကို ၈၀,၀၀၀ ကျပ်နီးပါး ရှိနေသလို ထိုင်းဘတ်ငွေလည်း တက်နေတာ ဖြစ်ပါတယ်။

အခုလတ်တလော စီးပွားရေးမြို့တော် ရန်ကုန်ဘက်မှာတော့ စစ်အာဏာရှင် လက်အောက်ခံတပ်တွေက တရားမ၀င် လိုင်စင်မဲ့ ငွေကြေးရောင်း၀ယ်တယ်ဆိုပြီး လိုက်လံဖမ်းဆီး အရေးယူနေတာတွေလည်း ရှိနေပါတယ်။

Source: ဗဟိုဘဏ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013