DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ရွှေသတ္တုခိုးသွင်းသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ
DVB
·
February 16, 2026
ကန်ကျနပူရီတွင် တရားမဝင် ရွှေသတ္တုခိုးသွင်းသည့် မြန်မာ ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်ထဲမှာ ရွှေသတ္တု ၄၃၄ ဂရမ်ကို တရားမဝင် သယ်ဆောင်လာတဲ့ မြန်မာတယောက် ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်စပ်တလျှောက်မှာ မြန်မာနိုင်ငံကနေ ရှားပါးတဲ့ အဖိုးတန်သတ္တုတွေ တရားမဝင် တင်သွင်းမှုတွေ ရှိနေကြောင်း သတင်းရတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်နဲ့ အမျိုးသားလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ၊ ဒေသအုပ်ချုပ်ရေးပိုင်းတွေ ပူးပေါင်းပြီး စောင့်ကြပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာတော့ ကန်ကျပူရီမြို့နယ်၊ ဖူးနမ့်ရွန့်နယ်စပ် တောလမ်းကနေ ဝင်ရောက်လာသူတယောက်ကို သံသယရှိလို့ စစ်ဆေးရာမှာ အိတ်ထဲမှာ ရွှေသတ္တုတုံး ၂၅ တုံး တွေ့ရှိပြီး  အလေးချိန် ၄၃၄ ဂရမ် ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါပစ္စည်းသယ်ဆောင်လာသူမှာ အသက် ၅၄ နှစ်ရွယ်ရှိ မြန်မာတယောက်ဖြစ်တယ်၊ သူဟာ ထိုင်းတောင်ပေါ်သားကတ် ကိုင်ဆောင်ထားပြီး အဲဒီ ရွှေသတ္တုတွေကိုတော့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာအုပ်စု ထီးခီးရွာနားမှာ သူငယ်ချင်းနဲ့အတူ သွားကျင်လာတာဖြစ်တယ်၊ ထိုင်းဘက်ခြမ်းမှာ လာရောင်းရင် ဈေးပိုရတယ်ဆိုလို့ သယ်လာတာဖြစ်တယ်၊ ရွှေဈေး ဘယ်လောက်ရှိလဲ ဆိုတာတော့ မသိဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူ့ကို ကန်ကျနပူရီရဲစခန်း ခေါ်သွားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အကောက်ခွန်ဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Kanchanaburi News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013