DVB Logo
Home
မြန်မာသတင်း
EPS အထူးစာမေးပွဲ ဖြေဆိုခွင့်ရှိသူ ၆,၀၀၀ နီးပါးအနက် ဖြေမည့်သူ ၈၀၀ နီးပါးသာရှိ
DVB
·
October 15, 2025
EPS အထူးစာမေးပွဲ ဖြေဆိုခွင့်ရှိသူ ၆,၀၀၀ နီးပါးအနက် ဖြေမည့်သူ ၈၀၀ နီးပါးသာရှိ
Donate to DVB

ကိုရီးယားအလုပ်အကိုင်အတွက် Special EPS-TOPIK စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့်သူ ၈၀၀ နီးပါးပဲ ရှိတယ်လို့ စစ်ကောင်စီသြဇာခံ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ထားပါတယ်။

အဲဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသူ ၅,၇၀၀ နီးပါးရှိပေမဲ့ ဖြေဆိုဖို့ လျှောက်ထားတာ အယောက် ၇၇၀ ပဲရှိပြီး ဝင်ဖြေမယ့်သူတွေရဲ့ ဖြေဆိုခွင့်အမှတ်စဥ်၊ ဖြေရမယ့်ရက်နဲ့ အချိန်တွေကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Special EPS-TOPIK စာမေးပွဲကို ဖြေခွင့်ရှိသူထက် ဖြေမယ့်သူ လျော့နည်းရတာက အသက်အရွယ်နဲ့ အလုပ်အကိုင် အခြေကျနေတာကြောင့် ဖြစ်နိုင်တယ်လို့ ကိုရီးယားဘာသာ သင်တန်းနည်းပြတယောက်က ပြောပါတယ်။

“များသောအားဖြင့် ကိုရီးယားကို တခေါက်သွားလုပ်ပြီးလို့ ကိုယ်ပိုင်အလုပ်တခုခု လုပ်ရင်း မိသားစုနဲ့ အခြေချလိုက်ကြတာ။ တချို့ကတော့ တခြားနိုင်ငံကူးသွားတာတွေလည်း ရှိတယ်။”

Special EPS-TOPIK စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်သမားတွေ နောက်တကြိမ် သွားရောက်လုပ်ကိုင်နိုင်အောင် ပြုလုပ်ပေးတဲ့ စာမေးပွဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အနည်းဆုံး ၃ နှစ်အထက် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ၂၀၁၀ ဇန်နဝါရီ ၁ ရက်နောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သူတွေ နောက်တကြိမ် ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ဖို့ အတွက် Special EPS-TOPIK စာမေးပွဲကို ရည်ရွယ်ကျင်းပတာလို့ POEA က ဆိုပါတယ်။

Special EPS-TOPIK စာမေးပွဲဖြေဆိုခွင့် လျှောက်ထားတာကို စက်တင်ဘာ ၂၂ နဲ့ ၂၃ ရက်တို့မှာ လက်ခံခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၂ ကနေ ၂၄ ရက်အထိ စာမေးပွဲ ကျင်းပဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၈၀,၀၀၀ နီးပါး ရောက်ရှိ လုပ်ကိုင်နေသလို လစဥ် လုပ်သားရာနဲ့ချီ စေလွှတ်နေတယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013