DVB Logo
Home
နိုင်ငံတကာ
NATO လက်နက်ရန်ပုံငွေ စီမံကိန်း၌ နောက်ထပ် ၇ နိုင်ငံ ပါဝင်လာရန် ယူကရိန်း မျှော်လင့်
DVB
·
October 15, 2025
NATO လက်နက်ရန်ပုံငွေ စီမံကိန်း၌ နောက်ထပ် ၇ နိုင်ငံ ပါဝင်လာရန် ယူကရိန်း မျှော်လင့်
Donate to DVB

ယူကရိန်းဟာ NATO ကျောထောက်နောက်ခံပြု လက်နက်ရန်ပုံငွေ အစီအစဉ်မှာ နောက်ထပ် နိုင်ငံတွေ ပါဝင်လာဖို့ မျှော်လင့်ထားကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီး ဆီဘီဟာက အောက်တိုဘာ ၁၃ ရက်မှာ ပြောပါတယ်။

ယူကရိန်းလိုအပ်ချက်များ ဦးစားပေးစာရင်း (PURL) မှာ ပံ့ပိုးပေးထားတဲ့ လက်ရှိ ၆ နိုင်ငံ ရှိထားပြီး ဒီအစီအစဉ်မှာ ပါဝင်ကူညီဖို့အတွက် နောက်ထပ် ၇ နိုင်ငံလောက် ပူးပေါင်းလာဖို့ကို ယူကရိန်းက မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆီဘီဟာက ကိယက်ဗ်မှာ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာယာ့ကားလာ့စ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ နောက် ၇ နိုင်ငံက ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ ဆီဘီဟာက မပြောခဲ့ပါဘူး။

EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာယာ့ကားလာ့စ်က “တချိန်က ရုရှားဘက်က ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုတော့ ယူကရိန်းဘက်ကို ကူးပြောင်းနေပါပြီ။ ရုရှားဆီကယူတဲ့ တယူရိုတိုင်းဟာ စစ်ပွဲအတွက် သုံးလို့မရပါဘူး။ သမ္မတ ထရမ့်ပ် ပြောခဲ့တဲ့အတိုင်းပဲ စစ်မြေပြင်မှာ ယူကရိန်းဟာ ရုရှားကို အခြေအနေ ပြန်လှန်နိုင်နေပါပြီ။ ရုရှားရဲ့ နွေရာသီထိုးစစ်က မအောင်မြင်ပါဘူး။ ရုရှားရဲ့ နယ်မြေသိမ်းနိုင်မှု အနည်းငယ်လောက်အတွက် သူ့ရဲ့အသေအပျောက်နဲ့ ကုန်ကျစရိတ်က ကြီးကြီးမားမား ရှိနေတာပါ” လို့ ဆိုပါတယ်။

နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဂျာမနီနဲ့ ကနေဒါ တို့ဟာ ပထမအကြိမ် PURL အကူအညီပေးရေး အစီအစဉ် ၄ ခုအတွက် ငွေကြေးထောက်ပံ့ခဲ့ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်မှာ ယူကရိန်းသမ္မတရုံးက ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ NATO နိုင်ငံတွေဆီက ရန်ပုံငွေတွေသုံးပြီး လက်နက်သစ်တွေနဲ့ အမေရိကန်ရဲ့ လက်နက်တွေကို ယူကရိန်းကို ထောက်ပံ့ပေးဖို့ ယူကရိန်းလိုအပ်ချက်များ ဦးစားပေးစာရင်း (PURL) ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကာယာ့ ကားလာ့စ်က “ပထမဆုံး အာရုံခံကိရိယာတွေ လိုပါတယ်။ တန်ပြန်ဒရုန်းစနစ်တွေနဲ့ ကြားဖြတ်ကိရိယာတွေလည်း လိုအပ်နေတာဖြစ်လို့ အဲဒါကို အကောင်အထည်ဖော်ဖို့အတွက် ရန်ပုံငွေလည်း လိုအပ်တယ်” လို့ ပြောပါတယ်။

အဲဒီအတွက် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့လည်း အများကြီး ပူးပေါင်းဆောင်ရွက်နိုင်မယ် လို့လည်း ဆိုပါတယ်။

ယူကရိန်း ကာကွယ်ရေးစက်မှုလုပ်ငန်းဟာ ဝယ်ယူရေးအချိန်နဲ့ ဝယ်ယူမှုကုန်ကျစရိတ်တွေကို လျှော့ချနိုင်မယ် ဆိုတာကို တွေ့ရှိထားတယ်လို့လည်း ပြောဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013