DVB Logo
Home
နိုင်ငံတကာ
ဂါဇာ ပြန်လည်ထူထောင်နေခြင်းသာဖြစ်ပြီး ၂ နိုင်ငံအတူပေါ်ပေါက်ရေးနှင့် မဆိုင်ဟု ထရမ့်ပ် ပြော
DVB
·
October 14, 2025
ဂါဇာ ပြန်လည်ထူထောင်နေခြင်းသာဖြစ်ပြီး ၂ နိုင်ငံအတူပေါ်ပေါက်ရေးနှင့် မဆိုင်ဟု ထရမ့်ပ် ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အစီအစဉ်ဟာ ဂါဇာပြန်လည်ထူထောင်ရေးသာဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲပေါ်ပေါက်ရေး အဖြေ (Two-State solution) နဲ့ မဆိုင်ဘူးလို့ ပြောလိုက်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်နဲ့အတူ အီဂျစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးပြီး ပြန်လာတဲ့ ထရမ့်ပ်က အဲဖို့စ်ဝမ်း လေယာဉ်ပေါ်မှာ သတင်းထောက်ရဲ့ မေးမြန်းမှုအပေါ် အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ အတူပေါ်ပေါက်ရေးနဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အီဂျစ်သမ္မတ အဘ်ဒယ်လ် အယ်လ်စီစီ တောင်းဆိုခဲ့မှုအပေါ် မှတ်ချက်ပေးဖို့ ဘီဘီစီသတင်းထောက်က  မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

“ကျုပ်က လုံးဝမတူတဲ့အကြောင်းကို ပြောနေတာ။ ကျုပ်တို့က ဂါဇာပြန်လည်ထူထောင်ရေးကို ပြောနေတာ။ ဆင်ဂဲလ်စတိတ်တွေ၊ ဒက်ဗယ်လ်စတိတ်တွေ၊ တူးစတိတ်တွေ ပြောနေတာ မဟုတ်ဘူး” လို့ ထရမ့်ပ်က မှတ်ချက်ပေးပါတယ်။

“တနိုင်ငံတည်းအဖြေကို ကြိုက်တဲ့သူတွေ အများကြီးရှိတယ်။ တချို့ကတော့ နှစ်နိုင်ငံအဖြေကို ကြိုက်တယ်။ ကြည့်ရမှာပေါ့။ ဒီအပေါ်မှာ ကျုပ်တော့ မှတ်ချက်မပေးချင်ဘူး” လို့ ထရမ့်ပ်က ဖြည့်စွက်ပြောခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ အစ္စရေးဓားစာခံ ၂၀ နဲ့ ပါလက်စတိုင်းအကျဉ်းသားနဲ့ ထိန်းသိမ်းခံရသူ ၂,၀၀၀ နီးပါး လွတ်လာခဲ့ပြီးတဲ့နောက် မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံခွင့် ရခဲ့ကြပါတယ်။

အီဂျစ်၊ ကာတာ၊ တူရကီနဲ့ အမေရိကန်တို့က အပစ်ရပ်သဘောတူညီချက်အတွက် အာမခံနိုင်ငံတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။

ဒါပေမဲ့ သဘောတူညီချက်မှာပါတဲ့ သေဆုံးပြီး ဓားစာခံ ၂၈ ယောက်ရဲ့ ရုပ်အလောင်းတွေထဲက ၄ လောင်းပဲ ပြန်ရတဲ့အတွက် မကျေနပ်မှုတွေ ရှိနေပါတယ်။

ပြန်လွတ်လာတဲ့ နှစ်ဖက်အကျဉ်းသားတွေဆီက ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီအကျဉ်းသားလဲလှယ်မှုဟာ စစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ရဲ့ ပထမအဆင့်သာဖြစ်ပြီး ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းရေးနဲ့ ဂါဇာရဲ့ အနာဂတ်အုပ်ချုပ်ရေးလို ရှေ့ဆက်ရမယ့် စိန်ခေါ်မှုတွေ အများကြီး ကျန်ရှိနေပါသေးတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013