DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယထုတ် Coldrif၊ Respifresh TR နှင့် ReLife ချောင်းဆိုးပျောက်ဆေးအန္တရာယ် WHO သတိပေး
DVB
·
October 14, 2025
အိန္ဒိယထုတ် Coldrif၊ Respifresh TR နှင့် ReLife ချောင်းဆိုးပျောက်ဆေးအန္တရာယ် WHO သတိပေး
Donate to DVB

အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေး ၃ မျိုးမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့ပြီး ဒီဆေးတွေကို နိုင်ငံအသီးသီးမှာ တွေ့ရှိခဲ့ရင် ချက်ချင်းအကြောင်းကြားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဆေးတွေကတော့ Sresan Pharmaceutical ကထုတ်တဲ့ Coldrif၊ Rednex Pharmaceuticals ကထုတ်တဲ့ Respifresh TR နဲ့ Shape Pharma ကထုတ်တဲ့ ReLife ချောင်းဆိုးပျောက်ဆေးတွေရဲ့ ဆေးတွဲတချို့ ဖြစ်ပါတယ်။

WHO ကတော့ ဒီဆေးတွေဟာ အရမ်းအန္တရာယ်ကြီးပြီး သောက်သုံးမိရင် အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ၊  မဒရာပရာဒေ့ရှ်ပြည်နယ်မှာ မကြာသေးခင်က အသက် ၅ နှစ်အောက် ကလေးငယ်တချို့ သေဆုံးခဲ့ပြီး အဲဒီကလေးတွေဟာ ဒီဆေးတွေကို သောက်သုံးခဲ့တယ်လို့ ယူဆရကြောင်း အိန္ဒိယ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က WHO ကို အကြောင်းကြားခဲ့ပါတယ်။

စစ်ဆေးချက်တွေအရ ဒီချောင်းဆိုးပျောက်ဆေးတွေထဲမှာ အဆိပ်သင့်စေတဲ့ diethylene glycol (ဒိုင်အီသလင်း ဂလိုင်ကောလ်) ဓာတုပစ္စည်းဟာ ခွင့်ပြုထားတဲ့ ပမာဏထက် အဆ ၅၀၀ နီးပါး ပိုမိုပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။

အိန္ဒိယအာဏာပိုင်တွေဘက်ကတော့ ဒီဆေးတွေကို ပြည်ပနိုင်ငံတွေကို တရားဝင်တင်ပို့ထားတဲ့ မှတ်တမ်း မရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ WHO ကတော့ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့နိုင်ငံအားလုံးကို အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013