DVB Logo
Home
နိုင်ငံတကာ
ကပ်ရောဂါသုတေသနဌာနဝန်ထမ်း သေဆုံးမှုနှင့်ပတ်သက်ပြီး WHO ထံ အသိပေးခဲ့ဟု ရုရှားပြော
DVB
·
October 8, 2026
Photo: REUTERS / KREMLIN.RU
Photo: REUTERS / KREMLIN.RU
Donate to DVB

ဆိုက်ဘေးရီးယားက ကပ်ရောဂါသုတေသနဌာနတခုက ဓာတ်ခွဲခန်းဝန်ထမ်းတယောက် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဆီ အသိပေး အကြောင်းကြားခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

မီဒီယာတွေက ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး မမှန်မကန် သတင်းအချက်အလက်တွေ ဖော်ပြနေတယ်လို့ ရုရှားသမ္မတရုံး ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က အောက်တိုဘာ ၇ ရက်မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

သေဆုံးမှုဖြစ်စဉ်ကို ရုရှားဘက်က ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး အမေရိကန်က တရားဝင် သံတမန်ရေးရာ ကန့်ကွက်ချက်တရပ် တင်သွင်းခဲ့ပြီး ရုရှားအစိုးရအနေနဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုပွင့်လင်းမြင်သာမှုရှိစေဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ ABC News သတင်းဌာနရဲ့ သတင်းဖော်ပြချက်အပေါ် ပဲ့စ်ကို့ဗ်က မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။

ဓာတ်ခွဲခန်းဝန်ထမ်းက ဘယ်လိုအခြေအနေမျိုးမှာ သေဆုံးခဲ့တယ် ဆိုတာကို ထုတ်မပြောဘဲ ဖျားနာပြီးနောက် သေဆုံးသွားတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် တာဝန်ရှိသူတွေက လူပေါင်းများစွာကို သီးခြားခွဲထား စောင့်ကြည့်ခဲ့ရသလို ရုရှားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့ အကြီးအကဲကိုလည်း အာကွတ်စ် ဒေသဆီ စေလွှတ်ခဲ့ပါတယ်။

သေဆုံးသူနဲ့ ထိတွေ့ဆက်ဆံမှုရှိခဲ့သူ ဘယ်သူ့ဆီမှာမှ ကပ်ရောဂါပိုး ကူးစက်ခံထားရတာ မတွေ့ရဘူးလို့ ကျန်းမာရေးစောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားခဲ့ပြီး ဒေသခံတွေကလည်း သူတို့ရဲ့ နေ့စဉ်ဘဝ နေထိုင်မှုပုံစံတွေအပေါ် ထိခိုက်မှု မရှိသလောက်ပဲလို့ ပြောခဲ့ကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တို့အကြား ဖုန်းနဲ့ ဆက်သွယ်ပြောဆိုဖို့ လက်ရှိအချိန်မှာ အစီအစဉ်မရှိသေးဘူးလို့လည်း ပဲ့စ်ကို့ဗ်က ပြောပါတယ်။ ထရမ့်ပ်က ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ပူတင်နဲ့ မကြာမီ စကားပြောမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013