
အာဆင်နယ် နောက်ခံလူ မော့စ်ကယ်ယာကို နိုင်ငံကိုယ်စားပြုပြောင်းလဲဖို့ ကိုလံဘီယာ အသင်းက ကမ်းလှမ်းထားပါတယ်။
အသက် ၂၁ နှစ်ရှိ ဗဟိုနောက်ခံလူဟာ စပိန်မှာ မွေးခဲ့ပေမဲ့ မိဘတွေက ကိုလံဘီယာလူမျိုးတွေ ဖြစ်တာကြောင့် ကိုလံဘီယာအသင်းမှာလည်း ကစားခွင့်ရှိနေတာပါ။
မော့စ်ကယ်ယာဟာ စပိန်သက်တမ်းအလိုက်လူငယ်အသင်းတွေဖြစ်တဲ့ ယူ-၁၉၊ ယူ-၂၁ နဲ့ ယူ-၂၃ အသင်အထိ ကစားခဲ့ပေမဲ့ လက်ရွေးစင်အသင်းကြီးမှာတော့ လက်ရှိအချိန်အထိပါဝင်ခြင်းမရှိသေး တာပါ။
ဒီအခြေအနေကို ကိုလံဘီယာအသင်းက စောင့်ကြည့်ပြီးနောက် မော့စ်ကယ်ယာကို ကိုလံဘီယာအတွက် ကစားပေးဖို့ ကမ်းလှမ်းခဲ့တာပါ။
ကိုလံဘီယာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားတဲ့အသင်းဖြစ်ပြီး မော့စ်ကယ်ယာဘက်က နိုင်ငံကိုယ်စားပြု ပြောင်းလဲဖို့ ချိန်ဆနေဆဲလို့ သိရပါတယ်။
Photo: Reuters










