DVB Logo
Home
မြန်မာသတင်း
ပင်လောင်း-ဖယ်ခုံ နယ်စပ်တွင် ဒေသခံ ၄,၀၀၀ ကျော် စစ်ဘေးရှောင်
DVB
·
October 13, 2025
ပင်လောင်း-ဖယ်ခုံ နယ်စပ်တွင် ဒေသခံ ၄,၀၀၀ ကျော် စစ်ဘေးရှောင်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေတဲ့အတွက် အရပ်သား ၄,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

‌အောက်တိုဘာလ ပထမပတ်ကစ ရှောင်ကြရပြီး အဲဒီစစ်ဘေးရှောင်တွေဟာ ရွာ ၈ ရွာက ပြည်သူတွေဖြစ်ပြီး စားနပ်ရိက္ခာ၊ မိုးကာ၊ အိမ်သာခွက်၊ ဆေးဝါးများ၊ စောင်များ အရေးပေါ် လိုအပ်နေတယ်လို့‌ စစ်ရှောင်ကူညီသူက ပြောပါတယ်။

စစ်ရှောင်တာဝန်ခံတယောက်က “မိုးကာ အရေးပေါ်လိုတယ်၊ ခုက မိုးလည်းမကုန်သေးဘူး၊ ဖြစ်သလို နေနေကြရတယ်။ စစ်ရှောင်က နေ့စဉ်တိုးလာတယ်။ အဓိကတော့ မိုးကာ၊ စောင်တွေ အခုရှိရင် အခုယူမယ် လုပ်နေတာ။ စစ်ရှောင်တွေကိုယ်တိုင် တောင်းလာတော့ ကျနော်တို့လည်း အခက်ကြုံတယ်။ အကူအညီပေးနေတဲ့ အဖွဲ့တွေလည်း ခဏခဏ ကျနော်တို့က တောင်းနေတော့ သူတိုဘက်လည်း မပေးနိုင်ကြတော့တဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတဲ့အပြင် လူနေကျေးရွာတွေကို မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အသေခံဒရုန်းနဲ့ ဗုံကြဲတာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တယောက်က “သူတို့က စစ်ကြောင်းမထိုးခင် ဒရုန်းနဲ့ အရင် လာကင်းထောက်တယ်။ ပြီးမှ လက်နက်ကြီးနဲ့ပစ်တာ။ သူတို့ အဲလိုလုပ်တော့ ရွာသားတွေက ရွာထဲမနေရဲကြတော့ဘူး။ စစ်ဘေးရှောင်နေရင်းလည်း အမျိုးသားတဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားသေးတယ်။ ခုတော့ အဆင်ပြေသလိုပဲ စုပေါင်းပြီး ယာယီနေနေကြတယ်” လို့ ပြောပါတယ်။

စစ်ရှောင်လူဦးရေ များတဲ့အတွက် ဘေးကင်းရာ တောတောင်ထဲနဲ့ ဂူတွေမှာ ပြန့်ကြဲ နေထိုင်နေရတယ်လို့‌ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013