
အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ခ်ဖို့ဒ်ဟာ အဲဗာတန်အသင်းနဲ့ နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ သဘောတူလိုက်ပါတယ်။
အသက် ၃၁ နှစ်ရှိ အင်္ဂလန် နံပါတ်တစ် ဂိုးသမားဟာ ၂၀၁၇ ခုနှစ်က ဆန်းဒါးလန်းကနေ ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြီးခဲ့တဲ့လက ပရီးမီးယားလိဂ်ပွဲ ၃၀၀ ပြည့်မြောက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီး နောက်ထပ် နှစ်ရှည်စာချုပ်တခုနဲ့ သက်တမ်းတိုးဖို့ သဘောတူခဲ့တာပါ။
ပစ်ခ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ပွဲ ၈၀ ပြည့်မြောက်တော့မယ့်သူဖြစ်ပြီး အတွေ့အကြုံအရှိဆုံး အင်္ဂလိပ်ဂိုးသမားကို အဲဗာတန်အသင်းက ကာလရှည် ဆက်လက်အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပစ်ခ်ဖို့ဒ်ရဲ့ စာချုပ်သက်တမ်း အသေးစိတ်ကိုတော့ တရားဝင်စာချုပ် ချုပ်ဆိုချိန်မှသာ အဲဗာတန်ဘက်က ထုတ်ပြန်သွားဖို့ရှိပါတယ်။










