DVB Logo
Home
မြန်မာသတင်း
နတ်ရေကန် စခန်းသိမ်းတိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီ အပြင်းအထန်ခုခံနေ
DVB
·
October 12, 2025
နတ်ရေကန် စခန်းသိမ်းတိုက်ပွဲ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီ အပြင်းအထန်ခုခံနေ
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒန်းလမ်းမပေါ်က စစ်ကောင်စီရဲ့ အကြီးဆုံးအထိုင်စခန်းတ ခုဖြစ်တဲ့ နတ်ရေကန်စခန်းကို အာရက္ခတပ်တော်(AA) က ထိုးစစ်ဆင်တိုက်နေတာကြောင့် စခန်းသိမ်းတိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလအစကတည်းက နတ်ရေခန်းစခန်းကို ကာပေးထားတဲ့ စခန်းငယ်တွေဖြစ်တဲ့ ဂုတ်ကြီးရွာကာကင်းစခန်း၊ စွန်တက်ရွာကာကင်းစခန်း၊ ဗစီကာကင်းစခန်း၊ ဦးထုစွန်ကာကင်းစခန်း၊ လင်းတဲကာကင်းစခန်းနဲ့ စွန်တက်ကာကင်စခန်းတို့ကို AA နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ကင်းစခန်းငယ်တွေကို လက်လွှတ်လိုက်ရတဲ့ စစ်အုပ်စုအနေနဲ့ နတ်ရေကန်စခန်း မကျစေဖို့အတွက် လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေပြီး စခန်းသိမ်းတိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“နတ်ရေကန်စခန်းကို ကျပြီဆိုပြီး တင်နေကြတာ တွေ့တယ်။ တကယ်က ဒီမနက်အထိ တိုက်ပွဲက ဆက်ပြင်းထန်နေတာ ဖြစ်ပါတယ်။ မနက်ကတည်းက လက်နက်ကြီးတွေ ဆက်တိုက် ကြားနေရတယ်။ လေယာဉ်သံတော့ မကြားရသေးပါဘူး၊ တိုက်ပွဲကတော့ ထင်ထားတာထက် ပိုပြင်းထန်နေတာ ဖြစ်တယ်။ စစ်အုပ်စုက ကင်းစခန်းနားမတက်နိုင်အောင် လက်နက်ကြီးတွေ ပစ်နေတာပါ။”

နတ်ရေကန်စခန်းကို AA နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီလကတည်းက စတင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ၉ လဝန်းကျင်လောက် ရှိလာသလို စစ်အုပ်စုကလည်း စခန်းလက်မလွှတ်ရဖို့အတွက် အပြင်းအထန် ခုခံနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ AA ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခကို DVB က ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ရေး၊ ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ မကွေးတိုင်း-ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း၊ ပုသိမ်-မုံရွာလမ်းမှာ စစ်အုပ်စုကို AA နဲ့ တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

နတ်ရေကန်တိုက်ပွဲမှာ စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ တပ်သားအသစ်တွေ အသုံးပြုနေပြီး တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သား ၂၇ ယောက်ကို အရှင်လက်ရ ဖမ်းဆီးရရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု( PRA -မကွေး) People's Revolution Alliance က အောက်တိုဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013