DVB Logo
Home
နိုင်ငံတကာ
ဒီမိုကရက်တစ် အစီအစဉ်များကို ထာဝရဖြတ်တောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
October 10, 2025
ဒီမိုကရက်တစ် အစီအစဉ်များကို ထာဝရဖြတ်တောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အစိုးရအဖွဲ့ဟာ ဆက်လက်ဖြစ်ပွားနေတဲ့ အစိုးရလုပ်ငန်းဆောင်တာ ရပ်ဆိုင်းနေမှုကို အသုံးချပြီး “ဒီမိုကရက်အစီအစဉ်တွေ” ကို ထာဝရ ပိတ်ပစ်မယ်လို့ အောက်တိုဘာ ၉ ရက်မှာ ပြောကြားလိုက်ပြီး ဖက်ဒရယ်အသုံးစရိတ် လျှော့ချခြင်းနဲ့ သူ့ရဲ့ နိုင်ငံရေးအခြေခံအဖွဲ့အပေါ် ဦးစားပေးတဲ့ ဦးတည်ချက်သစ်တခုအဖြစ် အချက်ပြလိုက်ပါတယ်။

ရီပတ်ဘလစ်ကန်တွေက တူညီတဲ့ ရန်ပုံငွေအဆင့်မှာ အစိုးရပြန်ဖွင့်နိုင်ဖို့အတွက် သန့်ရှင်းပြီး ဘက်မလိုက်တဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ အကြိမ်ကြိမ် မဲပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှု ကောင်းဖို့အတွက်ချည်းပဲ မဲပေးတာ မဟုတ်ဘူးလို့ ထရမ့်ပ်က ဆိုပါတယ်။

“အရင်တုန်းကဆိုရင် ဒီလိုတူညီတဲ့ ရန်ပုံငွေတွေအဆင့်မှာ ပါတီ ၂ ရပ်လုံးက ထောက်ခံ ပံ့ပိုးပေးခဲ့တာကို သတိရကြပါ။ ဒါကြောင့် အစွန်းရောက် ဒီမိုကရက်တွေဟာ ကျနော်တို့နိုင်ငံ စီးပွားရေးကို ထိခိုက်စေဖို့ ရွေးချယ်ခဲ့တာပါ” လို့လည်း ဆိုပါတယ်။

သူ့ရဲ့ ပထမသက်တမ်းမှာ အမေရိကန်ဟာ အကောင်းဆုံး စီးပွားရေးကို ရရှိခဲ့ပေမဲ့ ဒီမိုကရက်တွေက ဟန့်တားဖို့ ကြိုးစားနေပြီး သူတို့က စီးပွားရေးကောင်းအောင် မလုပ်ချင်ကြဘူးလို့လည်း ထရမ့်ပ်က ပြောပါတယ်။

“ဒါကြောင့် အစိုးရကုန်ကျစရိတ်တွေကို အမြဲတမ်း လျှော့ချတော့မယ်။ ပြီးတော့ ဒီမိုကရက်တစ် အစီအစဉ်တွေကိုပဲ ဖြတ်တောက်မယ်။ ဒါပေမဲ့ ရီပတ်ဘလစ်ကန်တွေကြားမှာ ရေပန်းမစားတဲ့ နာမည်ကြီး ဒီမိုကရက်တစ် ပရိုဂရမ်တချို့ကို ဖြတ်တောက်လိုက်မှာပါ” လို့လည်း ဆိုပါတယ်။

အမေရိကန်အစိုးရကို ရန်ပုံငွေထောက်ပံ့ဖို့နဲ့ အစိုးရပိတ်ရခြင်းကို အဆုံးသတ်မယ့် ရီပတ်ဘလစ်ကန် ဥပဒေမူကြမ်းဟာ အောက်တိုဘာ ၉ ရက်က ဆီးနိတ်လွှတ်တော်မှာ ဆက်လက်မဲခွဲဆုံးဖြတ်ရာမှာ လိုအပ်တဲ့ ဆန္ဒမဲအရေအတွက်ထက် လျော့နည်းခဲ့တာကြောင့် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

အမေရိကန်ပြည်သူတွေကတော့ အစိုးရပိတ်ရခြင်းအတွက် ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေ နှစ်ဖက်လုံးကို အပြစ်တင်ခဲ့ကြပြီး ဖက်ဒရယ်လုပ်သားအင်အားရဲ့ ၃ ပုံ ၁ ပုံဟာ အခကြေးငွေ မရရှိဘဲ အလုပ်ရပ်နားနေရတာကြောင့် ဝန်ဆောင်မှုတွေ နှောင့်နှေးရပ်ဆိုင်းကုန်မှာကို စိုးရိမ်နေကြတယ်လို့ ရိုက်တာ Ipsos သုတေသနစစ်တမ်းအရ သိရပါတယ်။

ကွန်ဂရက်လွှတ်တော်ဟာ အသုံးစရိတ်ဥပဒေအသစ်ကို အတည်ပြုဖို့ ပျက်ကွက်ပြီးနောက်မှာ အောက်တိုဘာ ၁ ရက်က စတင်တဲ့ အစိုးရပိတ်သိမ်းမှုအတွက် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ခေါင်းဆောင်တွေဟာ တဖက်နဲ့တဖက် အပြန်အလှန် အပြစ်တင်နေကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013