DVB Logo
Home
မြန်မာသတင်း
စမွတ်စခွန်းတွင် မြန်မာရွှေ့ပြောင်းကလေး ၉၀၀ ခန့် သင်ကြားနေသည့် စာသင်ကျောင်း အရေးယူခံရ 
DVB
·
October 10, 2025
စမွတ်စခွန်းတွင် မြန်မာရွှေ့ပြောင်းကလေး ၉၀၀ ခန့် သင်ကြားနေသည့် စာသင်ကျောင်း အရေးယူခံရ 
Donate to DVB

ထိုင်းအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ ကထုန့်ဘဲန်မြို့နယ်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ကလေးတွေ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းတကျောင်း စစ်ဆေးအရေးယူခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကထုန့်ဘဲန်မြို့နယ် အုပ်ချုပ်ရေးရုံး၊ မြို့နယ်ပညာရေးဌာန၊ လဝကရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီကနေ့ အောက်တိုဘာ ၁၀ ရက် မနက်က ကထုန့်ဘဲန်မြို့နယ်ရှိ  ပညာသင်ကျောင်း ၂ ကျောင်းကို သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ကထုန့်ဘဲန် မြို့နယ်ဦးစီးမှူး နိုင်းကျဒုနန်း ကျွမ်းဖန်းက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ ဒုတိယနေရာဖြစ်တဲ့ ထာ့မိုက်ရပ်ကွက်ရှိ သုံးထပ်တိုက်တတိုက်မှာ ရွှေ့ပြောင်း လုပ်သားကလေးနဲ့ ဆရာ/ဆရာမတွေ ပညာသင်ကြားနေကြတယ်၊ အတန်းလိုက်ခွဲပြီး သက်ဆိုင်ရာ အခန်းတွေမှာ သင်ကြားနေကြရာ အဆိုပါကျောင်းမှာ လာရောက်ဆည်းပူးသူ ကျောင်းသူ ကျောင်းသားပေါင်း ၉၀၀ နီးပါးရှိတယ်လို့ သိရတယ်၊ အားလုံး ရွှေ့ပြောင်းလုပ်သား ကလေးတွေ ဖြစ်ပြီး ဆရာ/ဆရာမ ၂၇ ယောက်မှာလည်း ရွှေ့ပြောင်းလုပ်သား မှတ်ပုံတင်လက်မှတ်သာ ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။

အဆိုပါအဆောက်အအုံကို ထိုင်းအမျိုးသမီးတယောက်က တာဝန်ခံ ငှားရမ်းထားပြီး လူငယ်စုစည်းရာ‌ ဂေဟာဖွင့်လှစ်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ခွင့်ပြုချက်ရရှိထားပြီးဖြစ်တယ်၊ ဒါပေမဲ့ သင်ကြား‌ရေးစင်တာ ဖွင့်လှစ်မယ့်အကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှာ ခွင့်တောင်းထားတာမရှိတော့ တရားမဝင်သလို ဆရာ/ဆရာမတွေဟာလည်း  ရွှေ့ပြောင်းအလုပ်သမားလက်မှတ်နဲ့  ကျောင်းဆရာလုပ်ပိုင်ခွင့် မရှိတာကြောင့်  ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အဆိုပါပညာသင်ကျောင်းကို ပိတ်သိမ်းပြီး ကျောင်းသူကျောင်းသားတွေကတော့  ထိုင်းအစိုးရ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့သင်ကြားရမယ်၊ ထိုင်းမှာ ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးကို အားပေးမြှင့်တင်ဖို့ မူဝါဒရှိတယ်၊ ဆရာ/ဆရာမတွေကတော့ ခွင့်ပြုချက်မရတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်မှုနဲ့ အရေးယူရမယ်လို့ မြို့နယ်ဦးစီးမှူးက ပြောသွားပါတယ်။

Source: JoCho Thai News  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013