DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ချောင်းဆိုးပျောက်ဆေး အမှတ်တံဆိပ် ၂ ခုကို ရှောင်ကြဉ်ရန် ထပ်မံအကြံပြု 
DVB
·
October 9, 2025
အိန္ဒိယတွင် ချောင်းဆိုးပျောက်ဆေး အမှတ်တံဆိပ် ၂ ခုကို ရှောင်ကြဉ်ရန် ထပ်မံအကြံပြု 
Donate to DVB

အဆိပ်ပါဝင်ပစ္စည်းတွေနဲ့ ဆက်စပ်ပြီး အသက် ၅ နှစ်အောက် ကလေး ၁၇ ယောက် သေဆုံးပြီးနောက် အောက်တိုဘာ ၈ ရက်မှာ အိန္ဒိယအာဏာပိုင်တွေဟာ နောက်ထပ် ချောင်းဆိုးပျောက်ဆေး အမှတ်တံဆိပ် ၂ ခုကို ရှောင်ကြဉ်ဖို့ ပြည်သူတွေကို အကြံပြုထားပါတယ်။

ခွင့်ပြုတဲ့ ကန့်သတ်ချက်ထက် အဆ  ၅၀၀  နီးပါး ပိုပါဝင်တဲ့ အဆိပ်အတောက်ဖြစ်တဲ့ ဒိုင်အီသလင်း ဂလိုင်ကောပါတဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်သုံးပြီးတဲ့နောက် လွန်ခဲ့တဲ့လအတွင်း အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးမှုအားလုံးဟာ ကိုးလ်ဒ်ဒရစ်ဖ် ဆေးဝါးနဲ့ ဆက်စပ်မှုရှိတာကို အောက်တိုဘာ ၂ ရက်က စမ်းသပ်စစ်ဆေးတွေ့ရှိအပြီး တားမြစ်ခဲ့ပါတယ်။

ရက်စ်ပီဖရက်ရှ်နဲ့ ရက်လိုက်ဗ် ချောင်းဆိုးပျောက်ဆေးရည်တွေမှာလည်း ဒိုင်အီသလင်း ဂလိုင်ကောပါတယ်လို့ ဂူဂျာရတ်နဲ့ တခြားပြည်နယ်တွေမှာ ဗုဒ္ဓဟူးနေ့က လူထုကို သတိပေးခဲ့ပါတယ်။

ဒီအဆိပ်သင့်ပစ္စည်းဟာ  "ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေနဲ့  သေဆုံးခြင်းအထိ ဖြစ်စေနိုင်တဲ့ အထူးသဖြင့် ကလေးတွေ ကြားမှာ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတခုအဖြစ် ဖော်ပြထားပါတယ်။ သေဆုံးမှုနဲ့ ဆက်နွှယ်နေတဲ့ ချောင်းဆိုး ပျောက်ဆေးရည်ကို တခြားနိုင်ငံတွေဆီ တင်ပို့ခြင်း ရှိ၊ မရှိ အိန္ဒိယအစိုးရရဲ့ ရှင်းလင်းချက်ကို ရဖို့ကြိုးစားနေတယ်"လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013