DVB Logo
Home
နိုင်ငံတကာ
ဧဝရတ်တောင်တက်သူများ ဒုက္ခရောက်သည့် အကြောင်းရင်း ကျွမ်းကျင်သူ ပြော
DVB
·
October 9, 2025
ဧဝရတ်တောင်တက်သူများ ဒုက္ခရောက်သည့် အကြောင်းရင်း ကျွမ်းကျင်သူ ပြော
Donate to DVB

မှန်ကန်တဲ့ လေ့ကျင့်မှုနဲ့ တောင်တက်အတွေ့အကြုံမရှိခြင်းဟာ ဧဝရတ်တောင်ပေါ်မှာ ရာနဲ့ချီတဲ့ တောင်တက်ခရီးသည်တွေ ပြီးခဲ့တဲ့အပတ်ကတည်းက သောင်တင်ရခြင်း အကြောင်းရင်း ဖြစ်တယ်လို့ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်က လက်မှတ်ရ တောင်တက်လမ်းညွှန် ရိုက်တန် ဂျိန်ဘူ ရှာပါက အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။

သူဟာ တိဘက်ဒေသထဲက ဧဝရတ်တောင်ရဲ့ အရှေ့ဘက်မျက်နှာစာနားမှာ အေးခဲနေတဲ့ အပူချိန်မှာ ပိတ်မိနေတဲ့ တောင်တက်သမားတွေကို ကယ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ရေး တာဝန်ပေးခံထားရပါတယ်။

ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေ တရုတ်နိုင်ငံအနောက်ပိုင်းကို မမျှော်လင့်ဘဲ တိုက်ခတ်လာပြီးတဲ့နောက် အင်္ဂါနေ့မှာ သောင်တင်နေသေးတဲ့ ခြေလျင်ခရီးသည် ၂၀၀ ကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနိုင်ဖို့ မျှော်လင့်ရတဲ့အကြောင်း အခြေအနေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

တိဘက်ရဲ့ ဝေးလံတဲ့ ကာမာချိုင့်ဝှမ်းက ပျမ်းမျှ အမြင့်ပေ ၁၃,၈၀၀ ရှိတဲ့နေရာမှာ စနေနေ့က နှင်းတွေ ကျဆင်းခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ကယ်ဆယ်ရေးသမားတွေက သောင်တင်နေတဲ့ တောင်တက်သမား အယောက် ၃၅၀ လောက်ကို ဘေးကင်းရာဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

တိဘက်မြောက်ပိုင်း၊ ချင်းဟိုင်နဲ့ ဂံစုပြည်နယ်နယ်စပ်က ချီလျံတောင်တန်းတွေပေါ်မှာ တနင်္ဂနွေနေ့က နှင်းမုန်တိုင်းတွေ တိုက်ခတ်လို့ တောင်တက်သမားတယောက် ပြင်းထန်တဲ့ တောင်ပေါ်အဖျားရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။

အင်္ဂါနေ့မှာ နှင်းမုန်တိုင်းဒဏ်ကနေ လွတ်မြောက်ခဲ့တဲ့ ချီလျံ ဧရိယာက တောင်တက်ခရီးသည် ၂၅၁ ယောက်ကို ဘေးလွတ်ရာဆီ ဆွဲထုတ်ခဲ့တယ်လို့ CCTV သတင်းဌာနက ပြောပါတယ်။

၈ ရက်ကြာ အားလပ်ရက်စတဲ့ အောက်တိုဘာ ၁ ရက်ကစပြီး ဒေသခံမဟုတ်တဲ့ ဝါသနာရှင်တွေ စုပြုံရောက်လာကြပေမဲ့ သီတင်းပတ်ကုန်ရက်မှာ ရုတ်တရက် နှင်းမုန်တိုင်းတိုက်လို့ ဧဝရတ်တောင်ရဲ့ ကန်းရှုံမျက်နှာစာဘက်ကို တက်ဖို့ မျှော်လင့်နေတဲ့ တောင်တက်သမား ရာချီဟာ ပိတ်မိနေခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013