DVB Logo
Home
မြန်မာသတင်း
Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူကို သာကေတ၌ ဖမ်းမိ
DVB
·
October 8, 2025
Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူကို သာကေတ၌ ဖမ်းမိ
Donate to DVB

ရန်ကုန်မြို့လယ်ကောင်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land ဟိုတယ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးကို တစစီ ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတယောက်ကို သာကေတမြို့နယ်မှာ အောက်တိုဘာ ၇ ရက်က ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူ အမျိုးသမီးမှာ နတ္တလင်းမြို့နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေတာဖြစ်ပြီး လူမှုကွန်ရက်မှာ ပြစ်မှုကျူးလွန်သူနဲ့ ချစ်ကြိုက်မိကာ ဟိုတယ်မှာ လာအိပ်ဖို့ ခေါ်ခဲ့ပြီးနောက် သတ်ပစ်ခဲ့တာလို့ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“သတ်တဲ့သူက လူသတ်ကားတွေကြည့်ပြီး စိတ္တဇပုံစံ ဖြစ်နေတာ၊ ကောင်မလေးကို လိုင်းပေါ်ကနေ ဟိုတယ်ခေါ်အိပ်ပြီး သတ်တာ၊ သတ်တဲ့ပုံစံကလည်း အတော်လေးကြောက်ဖို့ကောင်းတယ်၊ တစစီ ခုတ်ထစ်၊ ဝမ်းတွင်းကလီစာတွေထုတ်၊ အသားတွေကို ဝက်သားတုံးသလိုတုံးတာ၊ ပြောရရင် အမဲဖျက်သလို ဖျက်တာ၊ အဲလိုခုတ်ထစ်ပြီး အမှိုက်အိတ်ထဲထည့် လေအေးပေးစက်ပေါ်တင်ခဲ့တာ၊ မနေ့ကပဲဖမ်းမိတယ်၊ လတ်တလောတော့ စစ်ဆေးနေတုန်း။”

ဒီဖြစ်စဥ်ဟာ အောက်တိုဘာ ၅ ရက် ညပိုင်းက ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ ၃၂ လမ်း အထက်ဘလောက်မှာရှိတဲ့ Beauty Land ဟိုတယ် အခန်းအမှတ် ၅၀၂ မှာ ဖြစ်ခဲ့တာပါ။

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ အမျိုးသားကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းက (ပ)အမှတ် ၄၂/၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013