DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကွန်ဒိုနှင့် အထပ်မြင့်တိုက်ခန်းများ ၀ယ်လိုအားကျဆင်း
DVB
·
October 8, 2025
မန္တလေးတွင် ကွန်ဒိုနှင့် အထပ်မြင့်တိုက်ခန်းများ ၀ယ်လိုအားကျဆင်း
Donate to DVB

ငလျင်ဒဏ်ကို ဆိုးရွားစွာခံရတဲ့ မန္တလေးမြို့မှာ ကွန်ဒို အပါအဝင် အထပ်မြင့်တိုက်ခန်းတွေကို ရောင်းတဲ့သူ များလာပြီး ဝယ်လိုအား ကျဆင်းလာတယ်လို့ မန္တလေးရှိ အိမ်ခြံမြေ အကျိုးတော်ဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa အပါအဝင် ကွန်ဒိုတွေ၊ အထပ်မြင့်အဆောက်အဦတွေ ပြိုကျမှု အများဆုံးဖြစ်ခဲ့ပြီး အထပ်မြင့်တွေမှာ နေထိုင်သူတွေ အနေနဲ့ မလုံခြုံတာကြောင့် ပြန်လည်ရောင်းချသူတွေ များလာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်တယောက်က “အဓိကတော့ ငလျင်ကြောင့် လူတွေက စိုးရိမ်သွားကြတာ။ ပြီးတော့ တောက်လျှောက် လှုပ်နေတဲ့ အခါကျတော့ မနေရဲကြတော့ဘူး။ အားလုံးသိတဲ့အတိုင်းပဲ အထပ်မြင့်တွေက ပြိုတာများတယ်လေ။ အဲဒါကြောင့် ရောင်းတဲ့သူက ပိုများလာတယ်။ ဝယ်တဲ့သူက သိပ်မရှိတော့ဘူး။ အရင်ကဆိုရင် ကွန်ဒိုမှကွန်ဒို အထပ်မြင့်မှ အထပ်မြင့် ဖြစ်နေကြတာ” လို့ ပြောပါတယ်။

ငလျင်မလှုပ်မီက သိန်းထောင်ချီရှိခဲ့တဲ့ ကွန်ဒိုတွေကို လက်ရှိမှာ သိန်း ၁,၀၀၀ ပတ်ချာလည်နဲ့ ပြန်လည်ရောင်းချတာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့မှာ နာမည်ကြီးကွန်ဒို ၅ လုံးထက်မနည်း အပါအဝင် အထပ်မြင့်တိုက်ခန်းပေါင်း ရာနဲ့ချီပြီး ပြိုကျ ပျက်စီး ထိခိုက်ခဲ့ပါတယ်။

လက်ရှိမှာလည်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို ရှင်းလင်းနေတဲ့ အဆင့်သာ ရှိနေပြီး ပြန်လည်ထူထောင်ရေးလုပ်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါငလျင်ကြီးရဲ့ နောက်ဆက်တွဲအဖြစ်လည်း အောက်တိုဘာ ၄ ရက်အထိ နောက်ဆက်တွဲ ငလျင်ပေါင်း ၂၃၇ ကြိမ် လှုပ်ခတ်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013