၂၀၂၆ ခုနှစ် နှစ်ဝက်အတွင်း ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူမှု အရေအတွက် လျော့ကျခဲ့ပေမဲ့ မြန်မာနိုင်ငံသားတွေကတော့ အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေတယ်လို့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဆိုင်ရာ သတင်းအချက်အလက်စင်တာ REIC ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ ဘတ် ၂ ဒသမ ၄၆ ဘီလီယံ တန်ဖိုးရှိ ကွန်ဒို ၆၄၁ ခန်း ဝယ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အရေအတွက် ၃၄ ရာခိုင်နှုန်းကျော် လျော့ကျသွားတာပါ။
ထိုင်းကွန်ဒို ဝယ်ယူမှုမှာ တရုတ်နိုင်ငံသားတွေက ဘတ် ၆ ဒသမ ၈၇ ဘီလီယံဖိုး (၁,၈၁၃ ခန်း) နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ရုရှားနိုင်ငံသားတွေက အဆင့် ၂ နေရာကို ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားတွေ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နေကြတာ ဖြစ်ပါတယ်။











