DVB Logo
Home
မြန်မာသတင်း
သီတင်းကျွတ်ပိတ်ရက်တွင် အဝေးပြေးကား ယာဉ်စီးခ တိုးတောင်းနေ
DVB
·
October 8, 2025
သီတင်းကျွတ်ပိတ်ရက်တွင် အဝေးပြေးကား ယာဉ်စီးခ တိုးတောင်းနေ
Donate to DVB

သီတင်းကျွတ်ကာလ ရက်ရှည် ရုံးပိတ်ရက်အတွင်း အဝေးပြေးကားဂိတ်တွေရဲ့ ယာဉ်စီးခ အဆမတန် တောင်းခံမှုတွေကြောင့် နေရပ်ဒေသကို ပြန်တဲ့သူတွေအနဲ့ အလည်အပတ်သွားတဲ့ ပြည်သူတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ ခရီးသွား‌တွေက ပြောပါတယ်။

ရန်ကုန်မြို့က ဒဂုံဧရာ အဝေးပြေးနဲ့ အောင်မင်္ဂလာအဝေးပြေးကို အခြေပြုပြီး နိုင်ငံတဝန်း ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်တွေဟာ ခရီးသွားပြည်သူတွေဆီက ယာဉ်စီးခကို မူလဈေးနှုန်းထက် ၂ ဆကနေ ၃ ဆအထိ တိုးကောက်နေတာလို့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ကို ပြန်မယ့် ခရီးသွားပြည်သူတယောက်က ပြောပါတယ်။

“အရင် ကျပ် ၁၂,၀၀၀ ကို အခု ၃၅,၀၀၀ တောင်းတယ်။ တခြားမှာ ခုံမရတော့လည်း လိုက်ရတာပေါ့။ တနှစ်မှ တခါလောက် ပြန်ရတာဆိုတော့ မတန်တဆတောင်းလည်း ပေးရတာပဲ။ သူတို့က ဒီအချိန်ဆို အဲဒီလိုလုပ်နေကျပဲ။”

ဒေသအသီးသီးကနေ ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေဟာ အောက်တိုဘာ ၅ ရက်ကစပြီး မိမိတို့ရဲ့ ဒေသတွေကို အလည်အပတ် ပြန်နေကြတာ ဖြစ်ပါတယ်။

အဲဒီလို အလည်အပတ်ပြန်သူ အရေအတွက် များတဲ့အတွက် အဝေးပြေးယာဉ်လိုင်း အားလုံးနီးပါးမှာ ခရီးသည်ပြည့်တဲ့အထိ ရောင်းချနေရပြီး တချို့ယာဉ်လိုင်းတွေက ခရီးသွားပြည်သူအပေါ် ဝန်ဆောင်မှု အဆင်မပြေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အိမ်မဲမြို့ကိုပြန်မယ့် ခရီးသည်တယောက်က “ကားတွေ အကုန်လုံးနီးပါး ပြည့်နေတာ။ တချို့ကားသမားတွေက စကားပြောတာလည်း အဆင်မပြေဘူး။ ဟိန်းလား ဟောက်လားက လုပ်ချင်သေးတာ၊ လိုက်ချင်လိုက် မလိုက်ချင်နေဆိုတဲ့ ပုံစံမျိုး” လို့ ပြောပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေဟာ အခုလို ယာဉ်စီးခ အဆမတန်‌ တောင်းယူတာတွေကို နှစ်စဉ် ပိတ်ရက်ရှည်ကာလတွေဖြစ်တဲ့ သီတင်းကျွတ်၊ ဒီဇင်ဘာနဲ့ သင်္ကြန်ပိတ်ရက်တွေမှာ လုပ်ဆောင်ကြလေ့ရှိပြီး နယ်ပြန်ကြတဲ့ ခရီးသွားတွေဟာ အဲဒီကာလတွေမှာ စိတ်အနှောင့်အယှက် အမြဲကြုံတွေ့ရတာ ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေကလည်း အခုလို အခါကြီးရက်ကြီး ပိတ်ရက်တွေမှာ ပုံမှန်ယာဉ်စီးခ ၄၀၀ ကျပ် မဟုတ်ဘဲ ၂,၀၀၀ မှ ၃,၀၀၀ ကျပ်အထိ တောင်းယူတာတွေ၊ ယာဉ်အပြည့် ပြည့်ကြပ်အောင် တင်တာတွေကြောင့် ခရီးသွားတွေ အခက်ကြုံရတယ်လို့ မြို့ခံတွေကတဆင့် သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013