DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်-အစ္စရေး တဆင့်ခံဆွေးနွေးပွဲ အီဂျစ်တွင် စတင်
DVB
·
October 6, 2025
ဟားမတ်စ်-အစ္စရေး တဆင့်ခံဆွေးနွေးပွဲ အီဂျစ်တွင် စတင်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီး အစ္စရေးနဲ့ ဟားမတ်စ် တဆင့်ခံဆွေးနွေးပွဲကို အီဂျစ်နိုင်ငံမှာ အောက်တိုဘာ ၆ ရက်က စတင်ကျင်းပနေပါတယ်။

ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဟားမတ်စ်၊ ကာတာနဲ့ အီဂျစ် တာဝန်ရှိသူတွေအကြား အကြိုဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ထရမ့်ပ်ရဲ့ အချက်-၂၀ အစီအစဉ်ထဲက အဆိုပြုချက် အများအပြားကို လက်ခံထားပေမဲ့ တချို့အချက်တွေကိုတော့ လက်မခံထားပါဘူး။

ဂါဇာက ကျန်ရှိဓားစာခံအားလုံး သေသေ၊ ရှင်ရှင် ပြန်လွှဲပေးဖို့နဲ့ ဂါဇာအုပ်ချုပ်ရေးကို ပါလက်စတိုင်းလူမျိုး အရပ်ဘက်ပညာရှင်တွေလက်ထဲ လွှဲပေးဖို့ ဟားမတ်စ်ဘက်က သဘောတူထားပါတယ်။

ဒါပေမဲ့ မဖြစ်မနေ ပါဝင်ရမယ်လို့ အစ္စရေးဘက်က တောင်းဆိုထားတဲ့ လက်နက်ဖျက်သိမ်းဖို့၊ လက်နက်ချဖို့ဆိုတဲ့ အချက်နဲ့ အနာဂတ် ဂါဇာဒေသအုပ်ချုပ်ရေးမှာ ဟားမတ်စ် မပါဝင်ရဘူးဆိုတဲ့ အချက်အပေါ်မှာတော့ တိုက်ရိုက် မတုံ့ပြန်ထားပါဘူး။

ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ကို ခါလီအယ်လ်ဟေယာက ဦးဆောင်ပြီး ဒီပုဂ္ဂိုလ် ကာတာမှာ ရှိနေတဲ့အချိန် ရှင်းလင်းဖို့ အစ္စရေးက ပြီးခဲ့တဲ့လက ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။

သမ္မတထရမ့်ပ်ကတော့ ဒီအစီအစဉ်ရဲ့ ပထမအဆင့်ကို ဒီတပတ်အတွင်း အပြီးသတ်ဖို့ အားလုံးကို အမြန်ဆုံး လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီငြိမ်းချမ်းရေးအလားအလာကြောင့် အစ္စရေးရဲ့ ငွေကြေးနဲ့ စတော့ဈေးကွက်တွေမှာ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ပြည်တွင်းမှာ ကြီးမားတဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သူ့ရဲ့ လက်ယာစွန်း မဟာမိတ်ဝန်ကြီးတွေက ဂါဇာစစ်ပွဲကို ရပ်တန့်လိုက်ရင် အစိုးရကို ဖြုတ်ချမယ်လို့ ခြိမ်းခြောက်ထားတာပါ။

ဆွေးနွေးပွဲတွေ ပြုလုပ်နေပေမဲ့ ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ၂၄ နာရီအတွင်း ပါလက်စတိုင်း ၂၄ ယောက် သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၆ ရက် အစောပိုင်းမှာ ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013