DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်မြို့သစ်က နယ်မြေအချို့ကို စစ်ကောင်စီတပ် သိမ်းပိုက်
DVB
·
October 6, 2025
လေးကေ့ကော်မြို့သစ်က နယ်မြေအချို့ကို စစ်ကောင်စီတပ် သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ရှိ နယ်မြေတချို့ကို စစ်ကောင်စီတပ်က သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းမှာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးပစ်ကူရယူပြီး စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းကာ စစ်ကြောင်း ၅ ကြောင်းနဲ့ လေးကေ့ကော်မြို့သစ်ကို ထိုးဖောက်ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတာပါ။

အောက်တိုဘာ ၄ ရက်က တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်း၊ လက်နက်ကြီးပစ်ကူ မနားတမ်းရယူပြီး ထိုးစစ်ဆင်တာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းဘက်က လေးကေ့ကော်မြို့သစ်က နယ်မြေတချို့ကို လက်လွှတ်လိုက်ရပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “လေးကေ့ကော်က အလုံးစုံ မရသေးပါဘူး။ တဝက်တော့ ရသွားတယ်။ ပြောရရင် နေ့တိုင်းကြိတ်နေတယ်။ ဒီဘက်က အဲဒီမှာ သွားတောင့်ခံထားကြတာ။ လေးကေ့ကော်ကတော့ လက်ရှိမှာ စစ်မြေပြင်ဖြစ်နေတယ်။ စစ်လော်ဘီကတော့ ကရင်ပြည်နယ် တခုလုံးတောင် ရပြီလို့ တင်ရင်တောင် တင်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာတော့ စစ်တပ်က လေးကေ့ကော်မြို့သစ်ကို အလုံးစုံ သိမ်းပိုက်ရရှိပြီးလို့ ဝါဒဖြန့်ထားပါတယ်။

လေးကေ့ကော်မြို့သစ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးသူ များပြားပေမဲ့ နောက်ချန် စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး မနားတမ်း ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၂ ရက် ည ၁၁ နာရီကျော်လောက်က ကာမီကာဇေဒရုန်း ၃ စီးနဲ့ ဗုံးလာကြဲချခဲ့တာကြောင့် ကျေးရွာဆေးခန်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဒေသခံ ၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းက မင်းလက်ပံ စာသင်ကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေးကေ့ကော်မြို့သစ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် အနီးနားက ကျေးရွာပေါင်း ၁၀ ရွာကျော်က ရွာသား အယောက်  ၃,၀၀၀ လောက်  စစ်ဘေးရှောင်နေရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013