DVB Logo
Home
မြန်မာသတင်း
“Now and Ever - ထာဝရနှောင်ကြိုး” ရုပ်ရှင် မယ်ရီလန်းပြည်နယ်၌ ပြသ (ဓာတ်ပုံ) 
DVB
·
October 6, 2025
“Now and Ever - ထာဝရနှောင်ကြိုး” ရုပ်ရှင် မယ်ရီလန်းပြည်နယ်၌ ပြသ (ဓာတ်ပုံ) 
1 / 9
Donate to DVB

တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပြီး သရုပ်ဆောင်ဇာဏ်ခီနဲ့ အကယ်ဒမီပိုင်ဖြိုးသု တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Now and Ever - ထာဝရနှောင်ကြိုး ရုပ်ရှင်အထူးပွဲကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Regal Majestic ရုပ်ရှင်ရုံမှာ ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက  ပြသခဲ့ပါတယ်။

ရုပ်ရှင်ပြပွဲကို ဝါရှင်တန်ဒီစီနဲ့ မယ်ရီလန်းပြည်နယ်ရောက်မြန်မာတွေ လာရောက်အားပေးခဲ့ကြပြီး တော်လှန်အနုပညာရှင်တွေနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။

ရုပ်ရှင်ပြပွဲအားပေးသူ မဆုမွန်က “နိုင်ငံတကာရုပ်ရှင်ပြပွဲတွေ ပြိုင်ပွဲတွေမှာ တကယ့်ကို အရည်အချင်းရှိရှိနဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီးလုပ်နိုင်တဲ့ အနုပညာရှင်တွေ ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့ရဲ့အနုပညာလက်ရာတွေ သူတို့ ဖန်တီးထားတဲ့ဟာတွေက အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ အနုပညာပြပွဲတွေ ရုပ်ရှင်တွေမှာ သူတို့အတွက် ပြဖို့ ထိုက်တန်တယ်။ အားလုံးက ဒီတခုတည်းအတွက်တင်မဟုတ်ဘူးပေါ့၊ ကျန်တဲ့ပြတဲ့ဟာတွေမှာပါ ဝိုင်းပြီးတော့မှ ချီးမြှောက်ပေးကြပါ၊ အားပေးကြပါ၊ ကြည့်ရှုပေးကြပါလို့ ကျမတို့က အနုပညာရှင်တွေရဲ့ကိုယ်စား ပြောချင်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် တော်လှန်အနုပညာရှင်တွေဟာ ပြည်တွင်းမှာ ရှင်သန်ရပ်တည်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပြည်ပရောက်မြန်မာတွေရဲ့ အားပေးမှုနဲ့ သူတို့ အနုပညာတွေ ဆက်လက်ရှင်သန်နိုင်ရေး ကြိုးစားအားထုတ်နေကြတာပါ။

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းက “အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်မှာ ဒီလို မြန်မာရုပ်ရှင်တွေက ထိုးဖောက်လာတယ်ဆိုတာ ကျနော်တို့အတွက်က ဝမ်းသာတယ်။ အထူးသဖြင့် တိုင်းပြည်မှာ ပြခွင့်ပြန်ရမယ်၊ သူတို့ဖန်တီးခွင့်တွေ ပြန်ရဖို့ မျှော်လင့်တာပေါ့၊ မျှော်လင့်ရင်းနဲ့ တဖက်က တိုက်ပွဲဝင်ရင်းနဲ့ ဒါတွေကို ပြနေတာဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

ရုပ်ရှင်ပြပွဲအားပေးသူတယောက်ဖြစ်တဲ့ မသင်းက “တော်လှန်ပြည်သူတွေဘက်ကဆိုရင်လည်း အများကြီး ရပ်တည်ပေးခဲ့တယ်။ သူတို့ရဲ့အနုပညာ ဆိုတာလည်း အံ့မခန်းလောက်တယ်၊ တော်လှန်ရေးအပေါ်မှာလည်း သူတို့ သစ္စာရှိတယ်။  သူတို့ရဲ့ ကြိုးစားမှု အနုပညာကိုလည်း အားပေးတဲ့အတွက်ကြောင့်မို့လို့ လာရောက်အားပေးတာပါ”လို့ ပြောပါတယ်။ 

Now and Ever - ထာဝရနှောင်ကြိုး ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုမြို့ကြီး  ၁၀ မြို့မှာ ဆက်တိုက်ရုံတင် ပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာလည်း တပြိုင်တည်း ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

Now and Ever - ထာဝရနှောင်ကြိုး ရုပ်ရှင်ကို မြန်မာနိုင်ငံမှာ ရုံတင်ပြသတုန်းကလည်း ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013