DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်အစိုးရ၏ ဖိအားပေးမှုကြောင့် ICE ‌ခြေရာခံအက်ပလီကေးရှင်းများကို  Apple ကဖယ်ရှား
DVB
·
October 4, 2025
ထရမ့်ပ်အစိုးရ၏ ဖိအားပေးမှုကြောင့် ICE ‌ခြေရာခံအက်ပလီကေးရှင်းများကို  Apple ကဖယ်ရှား
Donate to DVB

iPhone ထုတ်လုပ်တဲ့  Apple ကုမ္ပဏီကို သမ္မတဒေါ်နယ်လ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ဆက်သွယ်လာခဲ့ပြီးနောက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စိုးမိုးရေး (ICE) အေးဂျင့်တွေ အကြောင်း သတိပေးထားတဲ့ ICE Block နဲ့ အလားတူ ICE ခြေရာခံ အက်ပလီကေးရှင်းတွေကို အက်ပ်စတိုးကနေ ဖယ်ရှားလိုက်ကြောင်း အောက်တိုဘာ  ၂ ရက်က ပြောကြားခဲ့ပါတယ်။

ဒါဟာ အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ တောင်းဆိုမှုကြောင့် အက်ပလီကေးရှင်းတွေကို ဖြုတ်ချပေးခဲ့တဲ့ ရှားပါးဖြစ်ရပ်တခု ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံစုံနည်းပညာ လုပ်ငန်းစုကြီး Alphabet ရဲ့ အကြီးဆုံး လက်အောက်ခံကုမ္ပဏီ ဂူးဂဲလ် ကလည်းမူဝါဒချိုးဖောက်မှုအတွက် အလားတူအက်ပ်တွေကို ကြာသပတေးနေ့မှာ ဖယ်ရှားခဲ့ပေမဲ့ အဲဒါတွေကိုမဖြုတ်ချခင်မှာ သူ့ဆီကို တရားရေးဌာနက ချဉ်းကပ်ခဲ့တာတော့မရှိဘူးလို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ 

ICE ဟာ ထရမ့်ပ်ရဲ့ သဘောထားတင်းမာတဲ့ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်ရဲ့ အဓိက အစိတ်အပိုင်းတခု ဖြစ်ပြီး ICE အေးဂျင့်တွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ပုံမှန် ဝင်ရောက်စီးနင်းဖမ်းဆီးနေတာပါ။

အဲဒီ ICE Block အက်ပ်ဟာ သုံးစွဲသူတွေကို သူတို့ရဲ့နယ်မြေတွေအတွင်းမှာ ICE အေးဂျင့်တွေနဲ့ပတ်သက်လို့ သတိပေးတာဖြစ်ပြီး တရားရေးဌာနကတော့ အဲဒီအက်ပ်ကြောင့် အမေရိကန်အေးဂျင့်တွေကို ချေမှုန်းနိုင်ခြေ တိုးလာနိုင်တယ်လို့ ပြောပါတယ်။ 

 Apple မှ ထုတ်ပြန်ချက်ထဲမှာ  “ICE Block နဲ့ ဆက်စပ်တဲ့ ဘေးကင်းရေးအန္တရာယ်တွေအကြောင်း တရားဥပဒေစိုးမိုးရေးကနေ ကျွန်ုပ်တို့ ရရှိထားတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး သူနဲ့ အလားတူ အက်ပ်တွေကို အက်ပ်စတိုး မှ ဖယ်ရှားလိုက်ပါပြီ” လို့ပြောကြားခဲ့ပါတယ်။ 

Fox Business စီးပွားရေးသတင်း ချန်နယ်ဟာ Apple မှ ဖယ်ရှားလိုက်တဲ့ အက်ပ် သတင်းကို ကြာသပတေးနေ့မှာ ပထမဆုံး သတင်းထုတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ တရားရေးဌာနက အက်ပလီကေးရှင်းကို ဖယ်ထုတ်လိုက်ဖို့ Apple ကို ဆက်သွယ်ခဲ့ပြီး ကုမ္ပဏီက လိုက်နာခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ 

ဂူးဂဲလ်က သူ့ရဲ့မူဝါဒတွေဟာ အလွဲသုံးနိုင်ခြေများတဲ့ အက်ပ်တွေကို တားမြစ်ထားကြောင်း ပြောပါတယ်။ ဂူးဂဲလ်ရဲ့ ပလေးစတိုးမှာ ICE Block ကို မရယူနိုင်ပါဘူး။ 

တက္ကဆက်အခြေစိုက် ICE Block ဖန်တီးသူ ဂျိုရှူဝါ အာရွန်ကတော့ အက်ပ်ရဲ့ လက္ခဏာရပ်တွေနဲ့ အက်ပဲလ်ရဲ့ ဆုံးဖြတ်ချက်ကိုတုံ့ပြန်လိုက်ပါတယ်။

ဂျိုရှူဝါ အာရွန်က “Apple ရဲ့ လုပ်ဆောင်ချက်တွေကြောင့် မယုံနိုင်လောက်အောင် စိတ်ပျက်မိပါတယ်။ အာဏာရှင်အစိုးရကို ဆွဲဆောင်တာဟာ ဘယ်တော့မှ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အခုဆို ဝက်ဘ်ဆိုက်တခုကို ဖွင့်လိုက်ရင်တောင် ဖြုတ်ချခံရဖွယ်ရှိပြီး သူ့ရဲ့တရားရေးအဖွဲ့ဟာ နောက်အဆင့်တွေကို ဆုံးဖြတ်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013