DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တရုတ်ကို ကင်မ် အကူအညီတောင်း
DVB
·
October 4, 2025
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တရုတ်ကို ကင်မ် အကူအညီတောင်း
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တရုတ်အစိုးရအနေနဲ့ ကူညီပေးဖို့ သားငယ် ကိုထိန်လင်းခေါ် ကင်မ်အဲရစ်က အကူအညီတောင်းခံလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေးအတွက် အရေးအကြီးဆုံး ပထမခြေလှမ်းဖြစ်တယ်လို့ သူ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ တင်ထားတဲ့ တရုတ်သို့ တောင်းဆိုခြင်းဆိုတဲ့ စာမှာ ဖော်ပြထားပါတယ်။

ကင်မ်အဲရစ်က “ဒီနေ့ ကျနော့် မေမေလွတ်မြောက်စေဖို့ တရုတ်နိုင်ငံက အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုဟာ သင့်မြတ်ပေါင်းစည်းမှုနဲ့ တည်ငြိမ်ရေးအတွက် အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ဒီအရာကို ဖြစ်လာအောင် အကူအညီပေးနိုင်မယ့် အခြေအနေမှာ ရှိပါတယ်”လို့ ပြောပါတယ်။  

ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာနဲ့ တွေ့ဆုံရာမှာလည်း ကင်မ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အတွက် အာဏာသိမ်းစစ်တပ်ကို တောင်းဆိုဖို့နဲ့ ပိုပြီးဖိအားပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပန်ကြားလိုက်ပါတယ်။

ဒါ့အပြင် မိခင်ဖြစ်သူနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးအတွက်၊ မြန်မာပြည်သူအားလုံးအတွက် — အမှန်တရားကို ဆက်လက်ဖော်ထုတ်နိုင်အောင်ကြိုးစားကြဖို့နဲ့ အမှန်တရားကိုဖော်ထုတ်နေတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ပျောက်ကွယ် မသွားအောင် ကူညီဖို့လည်း တိုက်တွန်းထား ပါတယ်။ 

ကင်မ်အဲရစ်က “မေမေ့ဘဝရဲ့ အချိန်အတော်များများဟာ စစ်တပ်ရဲ့ဖမ်းဆီးချုပ်နှောင်မှုအောက်မှာ ကုန်ဆုံးရတယ်။ ကျနော်တို့နဲ့လည်း အဆက်အသွယ် ဖြတ်ခံထားရတယ်။ မေမေနေကောင်းသလားဆိုတာ မီဒီယာတွေကတဆင့်ပဲ သိခဲ့ရတယ်။ အခုတိုင်လည်း အဲဒီအတိုင်းပဲ၊ ပိုတောင်ဆိုးလာပါတယ်။ သူတို့ဘယ်လိုပဲ သတင်းတွေကို အမှောင်ချထားပါစေ၊ နှုတ်ပိတ်ထားပါစေ၊ မီဒီယာတွေဟာ အမှန်တရားကို ရအောင်ဖော်ထုတ်ပါတယ်။ ဒါကြောင့် ဒီလိုမီဒီယာတွေ ပျောက်ကွယ် မသွားအောင် ကူညီကြရမယ်”လို့ ပြောပါတယ်။ 

မအသက် ၈၀ အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတာ ၅ နှစ်စ်နီးပါး ရှိနေပြီဖြစ်ပြီး ပုဒ်မ (၁၄) ခုအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013