DVB Logo
Home
နိုင်ငံတကာ
ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ဂျပန်တွင် Asahi ဘီယာ ပြတ်လပ်
DVB
·
October 3, 2025
ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ဂျပန်တွင် Asahi ဘီယာ ပြတ်လပ်
Donate to DVB

Asahi ဂျပန်ကုမ္ပဏီအပေါ်  ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဘီယာနဲ့ အချိုရည်လိုမျိုး ထုတ်ကုန်တွေ ပြတ်လပ်နေ ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် Asahi လုပ်ငန်းစုရဲ့ အမှာစာလက်ခံနိုင်စွမ်းနဲ့ ပို့ဆောင်ရေးစနစ်အပေါ်  ထိခိုက်စေခဲ့တဲ့အလျောက် တနင်္လာနေ့ကတည်းက ဂျပန်အခြေစိုက် စက်ရုံအများစုကို ရပ်တန့်သွားစေခဲ့ပါတယ်။

လက်ရှိစနစ်ချို့ယွင်းမှုက ပြည်တွင်းလုပ်ငန်းတွေကိုသာ သက်ရောက်မှုရှိနေတာ ဖြစ်သလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားတာမျိုးလည်း မရှိဘူးဆိုပြီး အတည်ပြုပါတယ်။

အဲဒီနောက် လက်လီရောင်းချရေး ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Family Mart နဲ့ Lawson က Asahi ထုတ်ကုန်တွေ ရှားပါးနေတဲ့အကြောင်း သုံးစွဲသူတွေကို အသိပေးထားပါတယ်။

Asahi ကုမ္ပဏီဘက်က ထုတ်လုပ်မှုတွေ “ပြန်လည်စတင်နိုင်မယ့် အလားအလာမရှိသေးတာ” ကြောင့် မှာယူပို့ဆောင်မှုတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ Family Mart ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃ ရက်ကစပြီး Asahi ထုတ်ကုန်တချို့ကို ဝယ်မရတော့တဲ့အထိ ဖြစ်နိုင်ကြောင်း Lawson အနေနဲ့လည်း သတိပေးထားပါတယ်။

အခုလိုမျိုး ဂျပန်အတွက် အဓိကျတဲ့ ကုန်စုံဆိုင်လုပ်ငန်းတွေဟာ ဖောက်သည်တွေအပေါ် သက်ရောက်မှုနည်းပါးအောင် တခြား​ထုတ်ကုန်တွေနဲ့ အစားထိုးရောင်းချပေးဖို့ စီစဉ်နေတယ်ဆိုပြီး အတည်ပြုပါတယ်။

Asahi ဟာ ပြည်ပမှာ တခြားအဖျော်ယမကာ အမှတ်တံဆိပ်တွေပါ ပိုင်ဆိုင်ထားပေမဲ့လည်း စုစုပေါင်းရောင်းအားရဲ့ ထက်ဝက်နီးပါးကို ပြည်တွင်းကနေ ရရှိနေတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ဘီယာထုတ်လုပ်သူလည်းဖြစ်တဲ့ Asahi က ရေနွေးကြမ်းကို အအေးဘူးလိုမျိုး ပြင်ဆင်ထားတဲ့ Bottled Tea အဖျော်ယမကာတွေနဲ့ စားသောက်ကုန်တွေအထိ ပံ့ပိုးပေးလျက် ရှိပါတယ်။

“လောလောဆယ် ပြန်ကောင်းလာနိုင်မယ့် အချိန်ကာလ အတိအကျ ခန့်မှန်းထားတာမျိုး မရှိသေးဘဲ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်” လို့ Asahi ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013