DVB Logo
Home
နိုင်ငံတကာ
ဆိုက်ဘာတိုက်ခိုက်မှု ကြိုတင်ပြင်ဆင်ရန် ထိုင်းဗဟိုဘဏ် ညွှန်ကြား
DVB
·
November 10, 2026
ထိုင်းဗဟိုဘဏ် ဘဏ္ဍာရေးအဖွဲ့အစည်းများ တည်ငြိမ်ရေးဆိုင်ရာ ဒု-ဥက္ကဋ္ဌ စူဝမ်နီဂျပ်ဆာဒါဆက်။ (Photo: Bank of Thailand)
ထိုင်းဗဟိုဘဏ် ဘဏ္ဍာရေးအဖွဲ့အစည်းများ တည်ငြိမ်ရေးဆိုင်ရာ ဒု-ဥက္ကဋ္ဌ စူဝမ်နီဂျပ်ဆာဒါဆက်။ (Photo: Bank of Thailand)
Donate to DVB

ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေး အစီအမံတွေ တိုးမြှင့်ဖို့နဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ထိုင်းဗဟိုဘဏ်က ညွှန်ကြားလိုက်တယ်လို့ နိုဝင်ဘာ ၉ ရက် Khaosod သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံခြားငွေကြေးအဖွဲ့အစည်းတွေမှာ IT စနစ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရပြီးနောက် ထိုင်းဗဟိုဘဏ်ရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းများ တည်ငြိမ်ရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ စူဝမ်နီဂျပ်ဆာဒါဆက်က ဗဟိုဘဏ်အနေနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လက်ရှိအချိန်အထိတော့ ထိုင်းနိုင်ငံက ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှု တစုံတရာ မရှိသေးဘူးလို့ ပြောပါတယ်။

ဆိုက်ဘာခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ နိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှုကို မြှင့်တင်တဲ့အနေနဲ့ ဗဟိုဘဏ်ဟာ ဘဏ်နဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းအားလုံးက သတင်းအချက်အလက် နည်းပညာဆိုင်ရာ အရာရှိချုပ်တွေ၊ ထိုင်းဘဏ်လုပ်ငန်းကဏ္ဍ ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့နဲ့ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းတို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုတယ်။

စီးပွားရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး အစီအစဉ်များအောက်မှာ အရေးကြီး ငွေပေးချေမှုစနစ်တွေအတွက် အရေးပေါ်တုံ့ပြန်ရေး လေ့ကျင့်တာတွေ လုပ်သွားမှာဖြစ်သလို ပြည်သူလူထု ဘဏ္ဍာရေးဝန်ဆောင်မှုတွေ သုံးစွဲရာမှာ ဘေးကင်းလုံခြုံရေးကို အဓိက ဦးစားပေးသွားမယ်လို့လည်း ဆိုပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013