DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ်၌ လမ်းဦးစီးဌာန ညွှန်မှူး အပါအဝင် အမျိုးသမီး ၂ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး
DVB
·
October 3, 2025
ချောက်မြို့နယ်၌ လမ်းဦးစီးဌာန ညွှန်မှူး အပါအဝင် အမျိုးသမီး ၂ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့နယ် လမ်းဦးစီးဌာနက ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် စစ်ကောင်စီရဲ့ Non CDM အမျိုးသမီး ဝန်ထမ်း ၂ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားကြောင်း ဖြစ်စဉ်ကိုသိရှိသူတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁ ရက်၊ ညနေ ၅ နာရီခန့်က မကွေးတိုင်းအဆင့် အစည်းအဝေးကနေ ပြန်လာတဲ့ အသက် ၅၀ အရွယ် လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသမီး အပါအဝင် Non CDM ဝန်ထမ်း ၂ ယောက်ကို ချောက်မြို့နယ်၊ ကြေးနီလမ်းခွဲအနီးမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “လက်ထောက်ညွှန်ကြားရေးမှူး တယောက်နဲ့ သူ့တပည့်တယောက်၊ အားလုံး ၂ ယောက်ပါ။ ညွှန်မှူးလည်း အမျိုးသမီး၊ တပည့်ကလည်း အမျိုးသမီးပါ။ အစည်းအဝေးက ပြန်လာရင်း ဖမ်းခေါ်ခံရတာ” လို့ ပြောပါတယ်။

ချောက်မြို့နယ်၊ လမ်းဦးစီးဌာနက ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနဲ့ နောက်ထပ် ဝန်ထမ်း ၂ ယောက်ကို ကားတွေကို ပိတ်ဆို့စစ်ဆေးနေတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်သွားတာဖြစ်ပြီး အောက်တိုဘာ ၃ ရက်အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

မကွေးတိုင်းက ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူက “ညွှန်မှူးနဲ့အတူ စီးလာတဲ့ကားပါ ပါသွားတာ။ အခု အဖမ်းခံရတဲ့နေရာမှာက PDF နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ မကြာခဏ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူတွေကို စစ်ဆေးတာတွေရှိတယ်။ အခုတော့ ဘယ်အဖွဲ့က ဖမ်းခေါ်တယ်ဆိုတာ မသိရသေးပါဘူး” လို့ ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ရှာဖွေနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေနဲ့ တယ်လီဂရမ်ချန်နယ်ကတော့ ချောက်မြို့နယ် လမ်းဦးစီးဌာနရဲ့ နိုင်ငံဝန်ထမ်း ၂ ယောက်ကို PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ စွပ်စွဲ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းအတွင်း အခြေပြု လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စက်တင်ဘာ ၃ ရက်အထိ မှတ်ချက် တစုံတရာပေး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013