DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စခန်းမှ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ စောင့်ရှောက်ရန် ထိုင်းဝန်ကြီး ချုပ်ပြော 
DVB
·
October 2, 2025
ဒုက္ခသည်စခန်းမှ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ စောင့်ရှောက်ရန် ထိုင်းဝန်ကြီး ချုပ်ပြော 
1 / 2
Donate to DVB

ထိုင်းအစိုးရအနေနဲ့ မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည်ကို နယ်မြေပြင်ပထွက်ပြီး အလုပ် လုပ်ခွင့်ပြုတဲ့အစီအစဉ်ကို အောက်တိုဘာ ၁ ရက်က စတင် အကောင်အထည်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

သက်ဆိုင်ရာအလုပ်ရှင်တွေအနေနဲ့ အဆိုပါအလုပ်သမားတွေကို အလုပ်သမားဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ဖို့၊ လူမှုဖူလှုံ‌ရေးနဲ့ လူနေမှုဘဝ မြှင့်တင်ပေးဖို့  ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ညွှန်ကြားလိုက်ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် အနုထင်းက “အောက်တိုဘာ ၁ ရက် ဒီကနေ့ဟာ D-Day  (ထူးခြားတဲ့ နေ့တနေ့) ဖြစ်ပြီး  မြန်မာဒုက္ခသည်တွေကို အလုပ်သမားအဖြစ် အခွင့်အလမ်းပေးလိုက်တာဟာ ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုရှိတာကို ရောင်ပြန်ဟပ်လိုက်တာ ဖြစ်တယ်။ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမယ်၊ ထိုင်းနိုင်ငံနဲ့ ပြည်သူ့အကျိုးကို ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာမှုကို ပိတ်ပင်စရာ အကြောင်းမရှိဘူး”လို့ ပြောပါတယ်။ 

ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လက်မခံနိုင်ဘူးဆိုရင် ထိုင်းကလည်း ဖြေလျှော့ပေးစရာ အကြောင်းမရှိဘူး၊ ထိုင်းနဲ့ ပြဿနာဖြစ်နေတဲ့ နိုင်ငံကို ပြောလိုတာက ထိုင်းမှာ အလုပ်သမားပြတ်လပ်တယ်လို့ မထင်ပါနဲ့၊ အလုပ်သမား မပြတ်လပ်ပါဘူးလို့ ပြောပါတယ်။ 

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ပြဿနာဖြစ်ပွားတဲ့နောက် ကမ္ဘောဒီးယားလုပ်သား အမြောက်အမြား နေရပ်ကို ပြန်သွားကြတာပါ။ 

အလုပ်ရှင်တွေအနေနဲ့ အဆိုပါအလုပ်သမားတွေကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ဖို့၊ လူမှုဖူလှုံရေးနဲ့ လူနေမှုဘဝ မြှင့်တင်ပေးဖို့လည်း ဝန်ကြီးချုပ်က မှာကြားသွားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းနိရတ်ဖုန်းဆစ်ထိ ထာဝွန်းကလည်း မြန်မာနယ်စပ် ခရိုင် ၄ ခုရှိ ဒုက္ခသည်စခန်းက ပြည်သူတွေကို  လုပ်ထုံးလုပ်နည်းနဲ့အညီ ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၄၃ ခရိုင်မှာ အလုပ်လုပ်ခွင့်ပြုလိုက်တယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့  အဆိုပါအလုပ်သမားတွေအပေါ်မှာ လာဘ်ပေးလာဘ်ယူမှုတွေ မရှိအောင် ကြတ်မတ်ဖို့လည်း မှာကြားပါတယ်။ 

အောက်တိုဘာ ၁ ရက်ကစပြီး အလုပ်လုပ်ခွင့်ပြုတယ်ဆိုပေမဲ့ ချက်ချင်းထွက်သွားတာ မဟုတ်ဘဲ  စခန်းပြင်ပထွက်ခွာခွင့်လက်မှတ်၊ မိမိနဲ့ သင့်လျော်မယ့် အလုပ်အကိုင်၊ မိမိကို လက်ခံမယ့် အလုပ်ရှင်၊ အလုပ်တည်နေရာ၊ လုပ်ငန်းခွင်မဝင်ခင် ကြိုတင်ပြင်ဆင်သင်တန်းတွေ တက်ဖို့ စတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်တွေအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ်။  သက်ဆိုင်ရာ ခရိုင်အလုပ်သမားရုံးမှာ အလုပ်လုပ်ခွင့် လျှောက်ထားရမယ်၊ ကနဦးမှာ အလုပ်လုပ်ခွင့် သက်တမ်း  ၁ နှစ်ဖြစ်ပြီး အလုပ်ရှင်အနေနဲ့ ၄ လ တကြိမ် အလုပ်သမားရုံးကို သတင်းပို့ရမယ်။ 

စခန်းထွက်ခွာခွင့်လက်မှတ်၊ အလုပ်လျှောက်ထားရေး လုပ်ငန်းစဉ်တွေမှာ အလုပ်သမားတွေအနေနဲ့  ငွေကုန်ကြေးကျ ကျခံဖို့မလို၊ လာဘ်လာဘ်ယူမှုလည်း မရှိစေရ၊ ခရီးလမ်းမှာလည်း အဖမ်းအဆီး မရှိစေရ၊ အလုပ်သမားတွေအနေနဲ့  စိတ်သက်သာစွာ သွားလာလုပ်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။  

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ကျနပူရီနဲ့ ရာ့ချ်ပူရီ ခရိုင် ၄ ခုက ဒုက္ခသည်စခန်း ၉ ခုမှာ လူဦးရေ ၇၇,၀၀၀ ယောက်ရှိပြီး အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူ ၄၆,၀၀၀ ယောက်ရှိတယ်၊ အဲဒီထဲက အလုပ်လုပ်ဖို့ အဆင်သင့်သူ ၁၂,၀၀၀ ယောက်ရှိတယ်။ 

သူတို့တွေဟာ ထိုင်းမြောက်ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းနဲ့ အရှေ့ပိုင်း ခရိုင် ၄၃ ခုမှာ အလုပ်လုပ်ရမှာ ဖြစ်ပြီး သက်ဆိုင်ရာ အလုပ်ရှင်တွေအနေနဲ့  အလုပ်သမားလိုအပ်ပါက သက် ဆိုင်ရာ အလုပ်သမား ရှာဖွေခန့်ထားရေးရုံးတွေမှာ သွားရောက်လျှောက်ထားနိုင်ပြီ ဖြစ်တယ်။ ကျန်တဲ့ အရှေ့မြောက်နဲ့ တောင်ပိုင်းဒေသကတော့ အလုပ်သမားလိုလားမှုအခြေအနေပေါ် မူတည်ပြီး နောက်နောင်မှ ဆက်လက်စေလွှတ်မယ်လို့  ပြည်ထဲရေးဌာန ညွှန်ချုပ်က ပြောသွားပါတယ်။ 

Source : The Nation / The Reporters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013