DVB Logo
Home
နိုင်ငံတကာ
နိုင်ငံတွင်း ဟားမတ်စ်တိုက်ခိုက်မည့် အစီအစဉ်ကို ဖျက်ဆီးနိုင်ခဲ့ဟု ဂျာမနီပြော
DVB
·
October 2, 2025
နိုင်ငံတွင်း ဟားမတ်စ်တိုက်ခိုက်မည့် အစီအစဉ်ကို ဖျက်ဆီးနိုင်ခဲ့ဟု ဂျာမနီပြော
Donate to DVB

ဂျာမန်ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဒိုဘရင့်က အကြမ်းဖက်ခြိမ်းခြောက်မှုကို အောက်တိုဘာ ၁ ရက်မှာ အောင်အောင်မြင်မြင် ရှောင်ရှားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဂျာမနီနိုင်ငံထဲက ဂျူးပစ်မှတ်တွေအပေါ် အကြမ်းဖက်မယ့် ပြင်းထန်တဲ့ လုပ်ရပ်အတွက် ပြင်ဆင်နေပြီး ဟားမတ်စ်တွေအတွက် အလုပ်လုပ်ပေးနေတယ်လို့ သံသယရှိတဲ့ အမျိုးသား ၃ ယောက်ကို ရဲတွေက ဖမ်းခဲ့တယ်လို့ အစိုးရရှေ့နေတွေက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။

ဒါဟာ ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပတ်လည် မတိုင်ခင် တပတ်အလိုမှာ ဖြစ်ခဲ့တာပါ။

အမျိုးသား ၃ ယောက်ဟာ ဂျာမနီနိုင်ငံထဲက အစ္စရေး ဒါမှမဟုတ် ဂျူးအဖွဲ့အစည်းတွေကို ပစ်မှတ်ထား လုပ်ကြံဖို့ သုံးမယ့် လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို ထိန်းသိမ်း စောင့်ရှောက်ရာမှာ ပါဝင်ပတ်သက်ပြီး ဟားမတ်စ်တွေအတွက် နိုင်ငံခြားစစ်ဆင်ရေးတွေမှာ ပါဝင်တယ်လို့ အစိုးရရှေ့နေတွေက သံသယရှိထားပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က ဟားမတ်စ်နဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်သမားလို့ သံသယရှိသူဟာ ဂျာမနီနိုင်ငံထဲကို ဝင်လာခဲ့ပြီး တိုက်ခိုက်ဖို့ လက်နက်ခဲယမ်းမီးကျောက်တွေ ရအောင် ကြိုးပမ်းခဲ့လို့ စောင့်ကြည့်ခံနေရတယ်လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီးက ဘရပ်ဆဲလ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဝန်ကြီးက “တချို့က ဂျာမနီဟာ အကြမ်းဖက်သမားတွေအတွက် ‘ဘေးကင်းလုံခြုံတဲ့ ကောင်းကင်ဘုံ’ ဖြစ်တယ်လို့ ပြောကြပေမဲ့ ဖြစ်ရပ်က ကျနော်တို့ဟာ အကြမ်းဖက်သမားတွေကို အရေးယူတဲ့နေရာ” လို့ ဆက်ပြောပါတယ်။

ဖေဖော်ဝါရီလမှာ ဥရောပက ဂျူးအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ ကြံစည်တယ်လို့ သံသယရှိသူ ဟားမတ်စ်အဖွဲ့ဝင် ၄ ယောက်ကို ဂျာမနီနိုင်ငံထဲက ပါလက်စတိုင်း စစ်သွေးကြွတွေအပေါ် ပထမဆုံး တရားရုံးတင်တဲ့အမှုအဖြစ် အစိုးရရှေ့နေတွေက ဘာလင်မှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဂျာမနီဟာ ဒုတိယကမ္ဘာစစ်က ဂျူးလူမျိုးတွေကို မီးလောင်တိုက်သွင်းဖူးတဲ့ သမိုင်းကြွေးကို ဆပ်ဖို့ အစ္စရေးရဲ့ အခိုင်မာဆုံး မဟာမိတ်နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ရဟူဒီ ဘုရားကျောင်းတွေနဲ့ တခြား ဂျူးအဖွဲ့အစည်းတွေအတွက် လုံခြုံရေး တင်းကျပ်ထားပါတယ်။

အစ္စရေးရဲ့ဆန္ဒကို ဖီဆန်ပြီး ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရေး ပြင်သစ်၊ ဗြိတိန်နဲ့ တခြားနိုင်ငံအများအပြားက စက်တင်ဘာလအတွင်း လှုပ်ရှားမှုတွေမှာ ဂျာမနီနိုင်ငံက မပါဝင်ခဲ့ပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013