DVB Logo
Home
နိုင်ငံတကာ
အမေရိကန်လွှတ်တော်၌ ဘတ်ဂျက်ကိစ္စ သဘောတူညီချက်မရသဖြင့် အစိုးရလုပ်ငန်းများ ရပ်ဆိုင်း
DVB
·
October 1, 2025
အမေရိကန်လွှတ်တော်၌ ဘတ်ဂျက်ကိစ္စ သဘောတူညီချက်မရသဖြင့် အစိုးရလုပ်ငန်းများ ရပ်ဆိုင်း
Donate to DVB

အမေရိကန်အစိုးရ ဘတ်ဂျက်အသုံးစရိတ် သက်တမ်းတိုးရေးအတွက် လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက် အမတ်တွေကြား သဘောတူညီချက် မရခဲ့တဲ့အလျောက် အစိုးရလုပ်ငန်းဆောင်တာတွေ ယာယီရပ်ဆိုင်းသွားပါတယ်။

ဒါဟာ ၇ နှစ်နီးပါးကာလအတွင်း ဖက်ဒရယ်အစိုးရလုပ်ငန်းတွေ ပထမဆုံး ရပ်တန့်သွားခဲ့တာ ဖြစ်သလို ဘယ်လောက်ကြာမယ် ဆိုတာလည်း အတိအကျ မသိနိုင်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

၇ ပတ်တာ အသုံးစရိတ်သက်တမ်းတိုးနိုင်ဖို့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြရာ ထောက်ခံမဲ ၅၅ မဲနဲ့ ကန့်ကွက်မဲ ၄၅ မဲ ရလဒ်ထွက်ပေါ် ခဲ့တာကြောင့် အနည်းဆုံးလိုအပ်တဲ့ မဲအရေအတွက် ၆၀ ပြည့်မီခဲ့ခြင်း မရှိပါဘူး။

အဲဒီဘဏ္ဍာငွေ လျာထားချက်အတိုင်း အတည်ပြုနိုင်ဖို့ဆိုရင် ဒီမိုကရက်ထောက်ခံမှုကို လိုအပ်တဲ့အလျောက် ဥပဒေကြမ်းအပေါ် သဘောတူဖို့အတွက် ရီပတ်ဘလစ်ကန်ဘက်က တောင်းဆိုထားပါတယ်​။

ဒါပေမဲ့လည်း ဒီမိုကရက်တွေဘက်က သူတို့ရဲ့ ထောက်ခံမှုကို လိုချင်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခွန်လျှော့ချပေးဖို့လိုအပ်ကြောင်း တုံ့ပြန်ထားပါတယ်။

ဒါကြောင့် အောက်တိုဘာ ၁ ရက် မနက် ၁၂ နာရီ အချိန်ကစပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်အစိုးရလုပ်ငန်းတွေကို ရပ်နားထားရပြီ ဖြစ်ပါတယ်။

၂၀၁၈ နှစ်ကုန်ပိုင်းမှာ အစိုးရလုပ်ငန်းလည်ပတ်မှု နောက်ဆုံးရပ်ဆိုင်းခဲ့ရဖူးပြီး ဒါဟာ သမ္မတထရမ့်ပ်ရဲ့ ပထမသက်တမ်း ကာလအတွင်းဖြစ်သလို ၃၄ ရက်အထိ ကြာမြင့်ခဲ့တဲ့အလျောက် သမိုင်းတလျှောက် အရှည်ကြာဆုံးလည်း ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် အစိုးရလုပ်ငန်းတွေ ရပ်ထားရတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ဝန်ထမ်းတွေက မိမိလုပ်ငန်းကို ပုံမှန်အတိုင်း ဆက်လုပ်ရလေ့ရှိပြီး မရှိမဖြစ်မဟုတ်ရင်တော့ လစာမဲ့ ခွင့်ပေးတတ်ပါတယ်။​

အခုလိုမျိုး နယ်စပ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လေကြောင်းထိန်းချုပ်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး မရှိမဖြစ်လိုအပ်တဲ့ကဏ္ဍက အစိုးရဝန်ထမ်းတွေကိုတော့ လစာပြန်ပေးလေ့ရှိပါတယ်။

လက်ရှိအခြေအနေအရ ထရမ့်ပ် အစိုးရအဖွဲ့နဲ့အတူ အိမ်ဖြူတော်ဘက်က အလုပ်အကိုင်များစွာကို ဖြတ်တောက်နိုင်ခြေ ရှိကြောင်း သတိပေးထားပါတယ်။

အမေရိကန်လွှတ်တော် ဘတ်ဂျက်ရုံးကတော့ ခွင့်ပေးထားတဲ့ဝန်ထမ်းတွေရဲ့  လစာတခုတည်းအတွက်တင် တရက်ကို ဒေါ်လာ သန်း ၄၀၀ လောက် ကုန်ကျနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013