DVB Logo
Home
မြန်မာသတင်း
ထန်းတပင်တွင် သားဖြစ်သူ ရန်ဖြစ်သည့်ကြား ဝင်ဖျန်ဖြေသည့်ဖခင် သေဆုံး
DVB
·
October 1, 2025
ထန်းတပင်တွင် သားဖြစ်သူ ရန်ဖြစ်သည့်ကြား ဝင်ဖျန်ဖြေသည့်ဖခင် သေဆုံး
Donate to DVB

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ကုန်းတလိကျေးရွာမှာ စက်တင်ဘာ ၃၀ ရက် မနက် ၁၀ နာရီက ဆန်ထမ်းတဲ့ လူငယ်အလုပ်သမား ၂ ယောက် စကားများ ရန်ဖြစ်ရာ ကြားဝင်ဖျန်ဖြေတဲ့ ဖခင်ဟာ သားဖြစ်သူပစ်လိုက်တဲ့ ဆန်ထိုးပိုက် စိုက်ပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့မနက် ၁၀ နာရီက တူးချောင်းကျေးရွာအုပ်စု၊ ကုန်းတလိကျေးရွာရှိ D1 ဆန်စက်မှာ လူငယ် ၂ ယောက် စကားများကြရာ သားဖြစ်သူက တဖက်သူကို ဆန်ထိုးပိုက်နဲ့ လှမ်းပစ်ရာ ကြားဝင်ခံလိုက်တဲ့ ဖခင် ဆန်ထိုးပိုက်စိုက်ပြီး သေဆုံးသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“မနေ့က D1 ဆန်စက်မှာ လင်းနောင် ဆိုတဲ့ကောင်လေးက မြတ်မင်းမောင်ကို ဆန်ထမ်းရင်း ဆဲလို့ စကားများကြတယ်။ မြတ်မင်းမောင်က ဒေါသထွက်ပြီး ဆန်ထိုးပိုက်နဲ့လှမ်းပစ်တာ လင်းနောင်ကိုထိရင် သူ့သားဒုက္ခရောက်မှာစိုးလို့ သူအဖေက ဝင်ခံလိုက်တာ သူ့အဖေ ထိသွားတယ်။ ပြောရရင် မြတ်မင်းမောင်က သူ့အဖေကို ပြန်သတ်သလို ဖြစ်သွားတာပေါ့။”

အခင်းဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူ ဦးမျိုးမင်းထွေးကို လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်ကုသပေမဲ့ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အစစအရာရာ အဆင်မပြေမှုတွေကြောင့် ဖြစ်ကြတာ၊ မိဘဆိုတော့ သားသမီးဒုက္ခရောက်မှာစိုးလို့ ဝင်ခံတာ၊ ကောင်လေးလည်း ဖမ်းမိထားပြီး လတ်တလော ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်။”

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မြတ်မင်းမောင်ကို ထန်းတပင်မြို့မရဲစခန်းက (ပ)၃၂/၂၀၂၅ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013