DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ 
DVB
·
September 30, 2025
ကန်ကျနပူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်ထဲက နေရာ ၂ နေရာကနေ  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွေ့ပြောင်းလုပ်သား အယောက်  ၁၀၀ ကျော်ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာ ကြောင့် ထောင်းဖာဖူးမြို့နယ်အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ လဝကနဲ့ နယ်ခြားစောင့်တပ်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းရတဲ့လမ်းကြောင်းတလျှောက်မှာ လုံခြုံရေးစောင့်ကြပ်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။

စက်တင်ဘာ ၂၉ ရက် မနက် ၁ နာရီခွဲအချိန်မှာတော့ ငွေရောင်အီဇူးစူးကားတစီးဟာ ထာ့ဖဲရွာ ဘက်ကနေ ထာ့ခနွန်အုပ်စု ဝဇီရာလောင်ကွန်းဆည်အနီးဘုန်းကြီးကျောင်းနား မောင်းဝင်လာတယ်၊ တာဝန်ရှိသူတွေက မီးအချက်ပြပြီးရပ်တံ့ခိုင်းပေမဲ့ အဲဒီကားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့်ပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်မောင်းသွားတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဲဒီကားနောက် လိုက်သွားရာမှာ အဆိုပါကားဟာ ဆူရဆင်တပ်စခန်းရှေ့ ရောက်တော့ တဘက်ကမောင်းလာတဲ့ ကားတစီးကိုအရင် ဝင်တိုက်ပြီး နောက်ထပ် ဆိုင်ကယ်တစီးကို ထပ်တိုက်ကာ လမ်းဘေးကမြောင်းထဲ ထိုးကျပြီး ပျက်စီးသွားပါတယ်။ 

ဒီဖြစ်စဉ်မှာ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရသူမရှိဘဲ သူများကို ဝင်တိုက်တဲ့ ကားပေါ်က ယာဉ်မောင်းကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ကားထဲမှာတော့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၉ ယောက် အမျိုးသမီး ၉ ယောက် ပေါင်း ၂၈  ယောက်တို့ ကိုဖမ်းဆီးရမိတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ နယ်စပ်တောလမ်းကနေ ခြေလျင် လျှောက်ဝင်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဘန်ကောက်၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခလမ်း၊ ချချိန်းဆောင်း စတဲ့ခရိုင်တွေမှာအလုပ်သွားလုပ်ဖို့ ပွဲစားကို တယောက်ကို  ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

အလားတူ ကန်ကျနပူရီခရိုင်ထဲမှာပဲ ဒီကနေ့ စက်တင်ဘာ ၃၀ မနက် ၁ နာရီကျော်လောက်က တရားမဝင်မြန်မာနိုင်ငံသားတွေ တင်လာတဲ့ကား ၄ စီးကို တာဝန်ရှိသူတွေက ကြိုတင်သတင်းရလို့ ဆိုင်းယုဒ်မြို့နယ် ဘန့်ဖုအုန်ကာရပ်ကွက်ရှိ လမ်းအပိုင်းမှာ ပိတ်ဆို့စောင့်ဆိုင်းဖမ်းဆီးခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ယာဉ်မောင်း ၂ ယောက်နဲ့ တရားမဝင် မြန်မာလုပ်သား ၁၂ ယောက်လောက် ထွက်ပြေး လွတ်မြောက်သွားပြီး ထိုင်းယာဉ်မောင်းတယောက်၊  မြန်မာယာဉ်မောင်း တယောက်နဲ့ တရားမဝင် မြန်မာ အယောက် ၉၀ ဖမ်းဆီးရမိခဲ့တယ်။

မြန်မာလုပ်သားတွေကတော့ မလေးရှားနိုင်ငံထိသွားဖို့ဖြစ်ပြီး ပွဲစားကို တယောက်လျှင် ဘတ် ၃၀,၀၀၀ မှ ၆၀,၀၀၀ ထိပေးခဲ့ကြရတယ်လို့  ဆိုပါတယ်။ 

အဆိုပါကား ၄ စီးဟာ ကားတွေကို ပါဆယ်ပစ္စည်းပို့ ဝန်ဆောင်မှုကုမ္ပဏီက ကားအသွင် ပြုပြင်ပြောင်းလဲထားတဲ့ကား၊ ငှက်ပျောသီးတွေတင်လာတဲ့ကားတွေ အသွင်ဆောင်ပြီး တရားမဝင်သူတွေ တင်ဆောင်လာတာလို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်က သတင်းထောက်တွေကို ပြောပါတယ်။ 

Source:  JoCho News / Kanchanaburi News  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013