DVB Logo
Home
နိုင်ငံတကာ
တရုတ်၊ ဂျပန်နှင့် ကိုရီးယား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ထိုး 
DVB
·
September 30, 2025
တရုတ်၊ ဂျပန်နှင့် ကိုရီးယား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ထိုး 
Donate to DVB

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားသမ္မတနိုင်ငံတို့ဟာ ၂၀၂၆-၂၀၃၀ ကာလအတွက် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ဆောင်မှု အစီအစဉ်သစ်တရပ်ကို ချမှတ်ခဲ့တယ်လို့ တာဝန်ရှိသူတယောက်က စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ်၊ ယန်တိုင်းမြို့မှာ ကျင်းပတဲ့ ၂၆ ကြိမ်မြောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ အစည်းအဝေးမှာ တရုတ်နိုင်ငံရဲ့ ဂေဟဗေဒနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဟွမ်ရန်းချူးက လာမယ့် ၅ နှစ်အတွင်း ဦးစားပေးကဏ္ဍ ၈ ခုကို အဓိကထား အလေးပေး ဖော်ပြထားပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ချက်တွေအတွက် ခိုင်မာတဲ့ အုတ်မြစ်ချနေတယ်၊ ၃ နိုင်ငံက အာဏာပိုင်တွေဟာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းခိုင်မာစေခဲ့တယ်လို့ ဟွမ်က ပြောပါတယ်။

သူတို့ဟာ အစီအစဉ်ရဲ့ အဆင့် ၃ ဆင့်ကို အကောင်အထည်ဖော်ခဲ့ပြီး လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး၊ သဲမုန်တိုင်း ကာကွယ်ရေးနဲ့ ဓာတုပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုတို့မှာ သိသာတဲ့ ရလဒ်တွေ ရခဲ့တယ်လို့ ပြောပါတယ်။

ဟွမ်က သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်း စိမ်းလန်းစိုပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့ သဘာဝပတ်ဝန်းကျင် သာယာမှု မြှင့်တင်ရေး၊ တရုတ်နိုင်ငံဟာ သုံးနိုင်ငံရဲ့ မျှဝေထားတဲ့ အကျိုးစီးပွားတွေ လိုက်လျောညီထွေ ဖြစ်စေဖို့နဲ့ သုံးနိုင်ငံ သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမြင့်မားတဲ့အဆင့်ဆီ မြှင့်တင်ဖို့ လက်တွဲ ဆောင်ရွက်ချင်တယ်လို့ ပြောပါတယ်။

စိမ်းလန်းတဲ့ အသွင်ပြောင်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရာသီဥတု ပြောင်းလဲမှု စတဲ့နယ်ပယ်တွေမှာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံအကြား ၂၀၂၄ ခုနှစ်မှာ ကျင်းပတဲ့ နဝမအကြိမ်မြောက် သုံးနိုင်ငံ ထိပ်သီးအစည်းဝေးမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အခုနှစ် အစည်းအဝေးမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား ၃ ပွင့်ဆိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးများ အစည်းအဝေးဟာ ၄ နိုင်ငံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး မူဘောင်အတွင်း အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှု ယန္တရားဖြစ်သလို ၃ နိုင်ငံအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေအတွက် အမြင့်ဆုံးအဆင့် ဆွေးနွေးမှု အခင်းအကျင်းလည်း ဖြစ်ပါတယ်။

နှစ်စဉ် သဘာဝပတ်ဝန်းကျင်ဝန်ကြီးများ အစည်းအဝေးကို ၁၉၉၉ ခုနှစ်ကတည်းက ၃ နိုင်ငံ အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013